” အသုံးစရိတ်တွေလျှော့ အခွန်တွေလျော့အောင် လုပ်နေတဲ့ Elon Musk နဲ့ DOGE “

” အသုံးစရိတ်တွေလျှော့ အခွန်တွေလျော့အောင် လုပ်နေတဲ့ Elon Musk နဲ့ DOGE “

Elon Musk ရဲ့ Department of Government Efficiency (DOGE) အဖွဲ့က အမေရိကန်အစိုးရရဲ့ အသုံးစရိတ်တွေကို ထိရောက်စွာလျော့ချနိုင်ခဲ့ပြီး အမေရိကန်ပြည်သူ‌တွေရဲ့ အခွန်ငွေကိုလည်းအနည်းဆုံး $36 Billion အထိသက်သာစေခဲ့ကြောင်း သတင်းများမှာဖော်ပြထားပြီး အဆိုပါသတင်းကြောင့် Cryptocurrency Industry က Leaders များက အစိုးရအသုံးစရိတ်တွေကို Blockchain နည်းပညာအသုံးချကာ ပိုမိုပွင့်လင်းဖို့လိုအပ်တယ်လို့ တိုက်တွန်းနေကြပါတယ်။

Doge-tracker အချက်အလက်အရ အခုလို သက်သာအောင်လုပ်ဆောင်နိုင်မှုဟာ Elon Musk ရဲ့အစိုးရအသုံးစရိတ်ကို အများဆုံး $2 Trillion အထိလျော့ချမယ့်ရည်မှန်းချက်ရဲ့ 1.8% သာရှိသေးတယ်လို့ January 9 ရက်နေ့က Mark Penn အင်တာဗျူးမှာ ဖော်ပြခဲ့ပါတယ်။

Elon Musk ဦးဆောင်တဲ့အဖွဲ့အစည်းရဲ့ တိုးတက်မှုကို သဘောကျနေတဲ့ Coinbase ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Brian Armstrong ကလည်း DOGE ရဲ့အောင်မြင်မှုတွေကို အံ့သြကြောင်းနဲ့ အစိုးရသုံးငွေတိုင်းကို Blockchain ပေါ်မှာသာ ပွင့်လင်းစွာပြသမယ်ဆိုရင် စာရင်းစစ်ဖို့အများကြီးလွယ်ကူလိမ့်မယ်လို့ပြောခဲ့ပါတယ်။

နောက်ပြီး DOGE နဲ့ အမေရိကန် Treasury တို့က အစိုးရအသုံးစရိတ်တွေမှာ တစ်နှစ်ကို $100 Billion တန်ဖိုးရှိတဲ့ Loophole(မလိုအပ်ဘဲ သုံးစွဲနေသောငွေများ) တစ်ခုကိုရှာဖွေတွေ့ရှိထားပါတယ်။

အဆိုပါ Loophole က Social Security နံပါတ်မရှိသူတွေနဲ့ ယာယီမှတ်ပုံတင်နံပါတ်မရှိသူတွေကို ငွေပေးချေမှုတွေလုပ်ဆောင်နေတာကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုဖြစ်ပြီး Elon Musk အဆိုအရ အဆိုပါငွေများထဲမှ $50 Billion ခန့်ကို လိမ်လည်မှုအဖြစ် ခန့်မှန်းထားတယ်လို့ဆိုပါတယ်။

လိမ်လည်မှုလို့ခန့်မှန်းရခြင်းက အစိုးရအ‌နေနဲ့ ပေးသွင်းရမယ့်ငွေတွေကို သတ်မှတ်ထားတဲ့ Payment Categorization Code များ၊ လိုအပ်သော အကြောင်းပြချက်များ မပါဝင်ဘဲ ငွေတွေကို သေချာစီမံထားတာမရှိတာကြောင့် လိမ်လည်မှုဖြစ်နိုင်တယ်လို့ဆိုလိုတာပါ။

DOGE ကတော့ အစိုးရဝန်ထမ်း‌တွေရဲ့ ကိုယ်ရေးကိုယ်တာဒေတာတွေကို ဥပဒေမဲ့စွာ အသုံးပြုမှုကြောင့် ဝေဖန်ခံနေရပြီး သူ့ရဲ့အစိုးရအသုံးစရိတ်လျှော့ချမယ့် လုပ်ငန်းစဥ်တွေကို 2026 July 4 ရက်နေ့မှာ အပြီးသတ်မယ်လို့ဆိုကာ အမေရိကန်ရဲ့ လွတ်လပ်ရေးကြေညာစာတမ်း နှစ် 250 ပြည့်မှာ စီမံချက်အသစ်တစ်ခုကိုထုတ်ပြန်သွားမယ်လို့ သိရှိရပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://go.dbsmyanmar.com/binance10

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://t.me/aungmonchan

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://go.dbsforex.com/exness

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://go.dbsforex.com/tv

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://web.facebook.com/profile.php?id=61567876146300

Free Content တွေ ကြည့်လို့ရမယ့် YouTube Channel

https://go.dbsmyanmar.com/youtube

Telegram တွေ join ဖို့

https://t.me/addlist/3wmUg9GJrpFlNGY1

Comments

No comments yet. Why don’t you start the discussion?

Leave a Reply