” ခြေလှမ်းတွေသွက်နေတဲ့ Tether “

” ခြေလှမ်းတွေသွက်နေတဲ့ Tether “

Tether အနေနဲ့ Europe မှာ MICA စည်းမျဉ်းကြောင့် Delist လုပ်ခံရတော့မယ့်နောက်ပိုင်း လုပ်ငန်းတိုးချဲ့မှုတွေကိုပိုမိုလုပ်ဆောင်လာနေပြီး USDT ရဲ့အသုံးဝင်မှုကို ပိုမိုတိုးမြှင့်နိုင်ဖို့အတွက် ကြိုးစားလျက်ရှိနေပါတယ်။

February 17 ရက်နေ့မှာ ထုတ်ပြန်တဲ့ Blog Post အရ Tether က အာဖရိကအနောက်ပိုင်းမှာရှိတဲ့ Guinea နိုင်ငံမှာ Blockchain နဲ့ P2P နည်းပညာတွေ စတင်အသုံးပြုနိုင်ဖို့ Memorandum Of Understanding (MOU) သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

အရင်နှစ် March လကလည်း Uzbekistan နိုင်ငံရဲ့ Blockchain, Stablecoin နဲ့ Tokenization စတဲ့နည်းပညာတွေကို စမ်းသပ်ရှာဖွေဖို့ရည်ရွယ်တဲ့ သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ပါသေးတယ်။

အဆိုပါ MOU သဘောတူညီချက်က Guinea နိုင်ငံကို Blockchain နည်းပညာတိုးတက်စေဖို့နဲ့ ပညာရေးအစီအစဉ်တွေပြုလုပ်ပြီး အတွေ့အကြုံတွေမျှဝေကာ Guinea ရဲ့နည်းပညာတိုးတက်အောင် ကူညီပေးဖို့ရည်ရွယ်ထားတယ်လို့ Tether ကဆိုပါတယ်။

နောက်ပြီး Guinea ရဲ့ Innovation City စီမံကိန်းကိုလည်း Tether က ပံ့ပိုးသွားမှာဖြစ်ပြီး အဆိုပါစီမံကိန်းက နည်းပညာသုတေသနနဲ့ ကုမ္ပဏီတွေအတွက် နေရာဖန်တီးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Consensys ရဲ့ 2023 စစ်တမ်းအရ အာဖရိကနိုင်ငံတွေမှာ Crypto အသုံးပြုမှုမြင့်မားနေပြီး အထူးသဖြင့် Nigeria ရဲ့ 84% သော နိုင်ငံသားတွေမှာ Crypto Wallet ပိုင်ဆိုင်ထားကြောင်းတွေ့ရှိရပါတယ်။

Guinea နိုင်ငံက အာဖရိကတိုက်မှာ Digital ပြောင်းလဲမှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် Tether အနေနဲ့ အခုလိုပူးပေါင်းမှုကနေတစ်ဆင့် ဒေသတွင်းစီးပွားရေးတွေမှာ USDT ကို ပိုမိုကျယ်ပြန့်စွာအသုံးပြုလာပြီး ဈေးကွက်မှာဦးဆောင်နေမယ့် Stablecoin အဖြစ် ရပ်တည်နိုင်အောင်ကြိုးစားလုပ်ဆောင်လျက်ရှိနေပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://go.dbsmyanmar.com/binance10

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://t.me/aungmonchan

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://go.dbsforex.com/exness

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://go.dbsforex.com/tv

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://web.facebook.com/profile.php?id=61567876146300

Free Content တွေ ကြည့်လို့ရမယ့် YouTube Channel

https://go.dbsmyanmar.com/youtube

Telegram တွေ join ဖို့

https://t.me/addlist/3wmUg9GJrpFlNGY1

Comments

No comments yet. Why don’t you start the discussion?

Leave a Reply