ဩစတြေးလျနိုင်ငံရဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုနောက်ကွယ်က တရားမဝင်ငွေလွှဲပြောင်းလုပ်ကိုင်နေတဲ့အဖွဲ့ကို မကြာသေးခင်ကပဲ ဖော်ထုတ်သွားနိုင်ခဲ့ပါပြီ။
ဒီအမှုကို The Queensland Joint Organized Crime Taskforce QJOCT က ရဲအရာရှိအယောက် 70 လောက်နဲ့ 2023 ခုနှစ် ဒီဇင်ဘာလကစလို့ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါအဖွဲ့က လုံခြုံရေးလုပ်ငန်းတစ်ခုကိုအသုံးပြုကာ ရာဇဝတ်မှုကရတဲ့ငွေတွေကို Cryptocurrency တွေထဲ လွှဲပြောင်းနေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါလုံခြုံရေးကုမ္ပဏီဟာ သူတို့ရဲ့တရားဝင်ဝင်ငွေတွေနဲ့ ရာဇဝတ်သားတွေဆီကရတဲ့ ငွေတွေကိုရောနှောကာ အရောင်းမြှင့်တင်ရေးကုမ္ပဏီတစ်ခု၊ ရှေးဟောင်းကားအရောင်းဆိုင်တစ်ခုနဲ့ Cryptocurrency Exchanges တွေကိုဖြတ်ကာ ငွေလွှဲပြောင်းမှုတွေပြုလုပ်ခဲ့သလို ခဝါချထားတဲ့ငွေတွေကိုလည်း Cryptocurrency နဲ့ဖြစ်စေ အဲဒီကွယ်ရာမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့်ဖြစ်စေ အကျိုးခံစားခွင့်ရှိသူတွေကို ပြန်လည်ခွဲဝေပေးခဲ့တယ်လို့သိရှိရပါတယ်။
ဒါကြောင့် သြစတြေးလျ Federal authorities တွေအနေနဲ့ အဆိုပါငွေကြေးခဝါချမှုနဲ့ပတ်သက်တဲ့ လူလေးဦးကိုတရားစွဲဆိုကာ သူတို့ကို 18 လကြာ စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် သြစတြေးလျဒေါ်လာ သန်း 190 (အမေရိကန်ဒေါ်လာ 123 သန်း) တန်ဖိုးရှိတဲ့ တရားမဝင်ငွေကြေးတွေကို Cryptocurrency အဖြစ် ပြောင်းလဲလုပ်ကိုင်နေတဲ့ ငွေကြေးခဝါချမှုကို ဖော်ထုတ်နိုင်ခဲ့တဲ့အပြင် Queensland နဲ့ New South Wales ပြည်နယ်တွေက ဒေါ်လာ 13.6 သန်းတန်ဖိုးရှိတဲ့ တရားမဝင် Assets တွေကိုလည်း Freeze လုပ်နိုင်ခဲ့ပါတယ်။
–
အခုလိုအရှိန်အဟုန်နဲ့တိုးတက်လာနေတဲ့ခေတ်ကြီးမှာ Blockchain နည်းပညာဟာ ငွေကြေးစနစ်တွေကို ခေတ်မီအောင်လုပ်ဆောင်ပေးနိုင်ပေမယ့် ပွင့်လင်းပြီး ဗဟိုချုပ်ကိုင်မှုမရှိတဲ့ သဘောသဘာဝကြောင့် ရာဇဝတ်သားတွေအတွက် အတော်လေး ဆွဲဆောင်မှုရှိတဲ့အရာတစ်ခုဖြစ်လာနေသလို Cyber ရာဇဝတ်ကောင်တွေအနေနဲ့လည်း သူတို့ရဲ့ငွေလွှဲပြောင်းမှုတွေကိုဖုံးကွယ်ဖို့နဲ့ ဖမ်းဆီးခံရခြင်းကနေရှောင်ရှားဖို့အတွက် Mixer တွေ၊ DeFi Protocol တွေနဲ့ Crosschain Bridge တွေကို ပိုပြီး ကျွမ်းကျင်လာကြတဲ့အတွက် မိမိအနေနဲ့ ဒီလိုနည်းပညာတွေကိုအသုံးပြုတဲ့အခါ အရာရာကို လွယ်လွယ်နဲ့မယုံကြည်ဘဲ လုံခြုံရေးကို အလေးထားပြီး သတိရှိရှိနဲ့လုပ်ဆောင်သွားဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://go.dbsmyanmar.com/binance10
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://t.me/aungmonchan
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://go.dbsforex.com/exness
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://go.dbsforex.com/tv
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://web.facebook.com/profile.php?id=61567876146300
Free Content တွေ ကြည့်လိုရမယ့် YouTube Channel
https://go.dbsmyanmar.com/youtube
Telegram တွေ join ဖို
https://t.me/addlist/3wmUg9GJrpFlNGY1