Bitcoin ဈေးနှုန်းကတော့ အရှေ့အလယ်ပိုင်းကမြင့်တက်လာနေတဲ့တင်းမာမှုတွေအပါအဝင် Bitcoin chart ဇယားမှာပါ မကောင်းတဲ့လက္ခဏာတွေ တွေ့နေရတာကြောင့် အမေရိကန်ဒေါ်လာ 1သိန်းအောက် ပြန်လည်ကျဆင်းသွားနိုင်တဲ့ အလားအလာတွေနဲ့ ရင်ဆိုင်လျက်ရှိနေရပါတယ်။
လက်ရှိအခြေအနေအရ တနင်္လာနေ့တုန်းက Bitcoin ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ 110,000 ကျော်အထိမြင့်တက်ခဲ့ပေမယ့် ကြာသပတေးနေ့မှာတော့ 3.5% ခန့် ကျဆင်းပြီး အမေရိကန်ဒေါ်လာ 106,000 ဝန်းကျင်အထိပြန်လည်ရောက်ရှိနေခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက အီရန်နဲ့ အစ္စရေးကြား တင်းမာမှုတွေတိုးလာတာနဲ့ဆက်စပ်နေပြီးတော့ အစ္စရေးက အီရန်ကို စစ်ရေးအရတုံ့ပြန်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှောင်ရှားလာကြတဲ့အတွက် Bitcoin ဈေးနှုန်းအပေါ် သက်ရောက်မှုတွေရှိလာတာဖြစ်ပါတယ်။
နည်းပညာပိုင်းအရကြည့်မယ်ဆိုရင်တော့ လက်ရှိ Bitcoin ဈေးနှုန်း ပြန်လည်ကျဆင်းတာဟာ ပုံမှန်ပဲလို့ဆိုနိုင်ပြီး Bitcoin researcher ဖြစ်တဲ့ Axel Adler Jr အဆိုအရ အခုလိုဈေးနှုန်းကျဆင်းရတာဟာ Bitcoin အများအပြား ဝယ်ယူထားသူတွေအနေနဲ့ Resistance Level မှာ အမြတ်ထုတ်ကြလို့ ဖြစ်နိုင်ကြောင်းဆိုထားပြီး လက်ရှိဈေးကွက်အနေအထားအရ soft reversal point ကို ရောက်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။
နောက်ပြီး ရှေ့ရက်သတ္တပတ်က Bitcoin ဈေးနှုန်း အမေရိကန်ဒေါ်လာ 100,500 ကနေ 110,000 အထိ တက်သွားတဲ့ပုံစံဟာ 2025 ခုနှစ် ဇန်နဝါရီလတုန်းက အမေရိကန်ဒေါ်လာ 91,000 ကနေ 102,000 အထိ ပြန်တက်လာတဲ့ ပုံစံနဲ့ဆင်တူနေပြီးတော့ လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်လည်း အလားတူ fractal pattern ပုံစံမျိုးတွေ ပြန်ဖြစ်လာနိုင်တဲ့အတွက် ဈေးနှုန်းကျဆင်းသွားနိုင်တဲ့ လက္ခဏာတွေကို တွေ့ရှိနေရပါတယ်။
ဈေးနှုန်းပုံစံ (fractal pattern) ဆိုတာက တူညီတဲ့ ဈေးကွက်အခြေအနေတွေကြောင့် အလားတူ ဈေးနှုန်းလှုပ်ရှားမှုတွေဖြစ်ပေါ်နိုင်တဲ့ လမ်းကြောင်းတစ်ခုကိုဆိုလိုတာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အရောင်းအဝယ်လုပ်သူတွေကို လှည့်စားတဲ့အနေအထား (bull trap) ထဲ ရောက်သွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေကိုမြင့်တက်လာနေစေပါတယ်။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ Bitcoin အနေနဲ့ ရက်သတ္တပတ်အတော်ကြာ ဈေးနှုန်းဆက်တိုက်ကျဆင်းသွားနိုင်သလို တစ်ဖက်မှာလည်း Bitcoin သာ အမေရိကန်ဒေါ်လာ 108,000 အထက်ကို ပြန်လည်ရောက်ရှိကာ ဆက်လက်တည်ငြိမ်နေနိုင်မယ်ဆိုရင်တော့ ဒီအန္တရာယ်ကိုကျော်လွှားပြီး အတက်ဘက်ကို ဆက်သွားနိုင်မှာပဲဖြစ်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://go.dbsmyanmar.com/binance10
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://t.me/aungmonchan
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://go.dbsforex.com/exness
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://go.dbsforex.com/tv
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://web.facebook.com/profile.php?id=61567876146300
Free Content တွေ ကြည့်လိုရမယ့် YouTube Channel
https://go.dbsmyanmar.com/youtube
Telegram တွေ join ဖို
https://t.me/addlist/3wmUg9GJrpFlNGY1