အာဂျင်တီးနားနိုင်ငံရဲ့ အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့ကတော့ သမ္မတ Javier Milei ကို LIBRA cryptocurrency နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုမှာ အပြစ်မရှိကြောင်း မကြာသေးခင်ကပြောကြားသွားခဲ့ပါတယ်။
ဇွန်လ 5 ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်အရ သမ္မတ Milei အနေနဲ့ သူ့ရဲ့ X မှာ LIBRA Token ထောက်ခံတဲ့ post တစ်ခုတင်ခဲ့တာဟာ သမ္မတရဲ့တရားဝင်လုပ်ငန်းတာဝန်နဲ့မသက်ဆိုင်ဘဲ ကိုယ်ပိုင်သဘောထားကို ဖော်ပြခဲ့တာဖြစ်တယ်လို့ဆိုထားတာကြောင့် သမ္မတဟာ အာဂျင်တီးနားနိုင်ငံရဲ့ အစိုးရဝန်ထမ်းတွေအတွက်ပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်ဥပဒေကိုချိုးဖောက်တာမျိုးမရှိဘူးလို့ အဖွဲ့ကဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နောက်ပြီး ဒီကိစ္စမှာ အစိုးရရဲ့ဘဏ္ဍာငွေတွေ အသုံးပြုခဲ့တာမျိုးမရှိတဲ့အပြင် သမ္မတ Milei ဟာ 2015 ခုနှစ်ကတည်းက သူ့ရဲ့ X စာမျက်နှာမှာ သူ့ရဲ့အမြင်တွေကို ရေးသားဖော်ပြခဲ့တာဖြစ်တဲ့အတွက် သူသမ္မတမဖြစ်ခင် 8နှစ်လောက်ကတည်းက ဒီလိုလုပ်ဆောင်ခဲ့တာလို့ အဖွဲ့ကထောက်ပြခဲ့ကြပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့အဆိုအရ သမ္မတရဲ့ X စာမျက်နှာဟာ တစ်ခါတလေ အစိုးရရဲ့မူဝါဒတွေ ဒါမှမဟုတ် ဆုံးဖြတ်ချက်တွေကိုဖော်ပြပေမယ့် အဲဒါတွေက အဖွဲ့အစည်းရဲ့တရားဝင်ပုံစံနဲ့မဟုတ်ဘဲ ကိုယ်ပိုင်နိုင်ငံရေးသဘောထားအမြင်တွေကို ဖော်ထုတ်တဲ့နေရာတစ်ခုအနေနဲ့သာ အသုံးပြုတာဖြစ်တယ်လို့ဆိုထားသလို သမ္မတ Milei ကိုယ်တိုင်ကလည်း သူ့အနေနဲ့ LIBRA memecoin ကို promote လုပ်ခဲ့တာမဟုတ်ဘဲ LIBRA အကြောင်းကို လူတွေသိအောင်ပြောပြခဲ့တာသာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ငြင်းဆိုနေခဲ့ပါတယ်။
ဒါပေမယ့် ဝေဖန်သူတချို့ကတော့ ဒီစုံစမ်းစစ်ဆေးမှုကို စနစ်တကျနဲ့ လုံလောက်တဲ့အထိမလုပ်ဆောင်ခဲ့ဘူးလို့ ထောက်ပြနေကြတဲ့အတွက် လက်ရှိမှာတော့ အခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ရှိနေသော်ငြားလည်းပဲ Federal ရာဇဝတ်တရားရုံးကတော့ LIBRA တိုကင်အရှုပ်တော်ပုံက သမ္မတ Milei ရဲ့ ပါဝင်ပတ်သက်မှုကို ဆက်လက်စုံစမ်းလျက်ရှိနေဆဲဖြစ်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://go.dbsmyanmar.com/binance10
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://t.me/aungmonchan
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://go.dbsforex.com/exness
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://go.dbsforex.com/tv
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://web.facebook.com/profile.php?id=61567876146300
Free Content တွေ ကြည့်လိုရမယ့် YouTube Channel
https://go.dbsmyanmar.com/youtube
Telegram တွေ join ဖို
https://t.me/addlist/3wmUg9GJrpFlNGY1