အိန္ဒိယအစိုးရအနေနဲ့ အရင်က Cryptocurrency ကို ပြင်းထန်စွာဆန့်ကျင်ခဲ့ပေမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာမှာ Cryptocurrencies အသုံးပြုမှုတွေတိုးပွားလာတာကို ထည့်သွင်းစဉ်းစားပြီး သူ့ရဲ့စည်းမျဉ်းစည်းကမ်းဆိုင်ရာမူဝါဒတွေကို ပြန်လည်သုံးသပ်လျက်ရှိနေပါတယ်။
Reuters သတင်းဌာနဖော်ပြချက်အရ အိန္ဒိယရဲ့ စီးပွားရေးရာဝန်ကြီး Ajay Seth က Digital Assets ဟာ နယ်နမိတ်တွေကိုကျော်လွန်နိုင်ကြောင်းနဲ့ Digital Asset Revolution မှာ နောက်မကျလိုကြောင်းပြောခဲ့ပါတယ်။
အရင် အိန္ဒိယအခွန်အက်ဥပဒေမှာ အိန္ဒိယအစိုးရက Long-term Investments နဲ့ Short-term Trades ဆိုပြီးခွဲခြားမှုမရှိဘဲ Crypto Assets တွေအပေါ် 30% ဆိုပြီး တစ်ပုံစံတည်းအခွန်ကောက်ခံပါတယ်။
အခုလိုမူဝါဒပြောင်းလဲနိုင်တယ်ဆိုတဲ့ယူဆချက်ဟာ အိန္ဒိယအခွန်အက်ဥပဒေမှာ အရင်ကမရှိခဲ့တဲ့ ‘မသိရှိ မဖော်ပြထားတဲ့ Undisclosed Cryto Assets’ အပေါ် 70% အထိအခွန်ထပ်တိုးကောက်ခံတဲ့ မူဝါဒသစ်နဲ့အတူ ထွက်ပေါ်လာတာဖြစ်ပါတယ်။
–
အိန္ဒိယတရားလွှတ်တော်ချုပ်ရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ Amit Kumar Gupta ကတော့ အခုလိုအခွန်တိုးကောက်ခံတာဟာ အစိုးရအနေနဲ့ Blockchain နည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့ ရည်ရွယ်ထားတာဖြစ်တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
နောက်ပြီး အိန္ဒိယအစိုးရရဲ့အမြင်မှာ Cryptocurrency ဟာ Money Laundering နဲ့ Terrorism Financing တို့လို တရားမဝင်လုပ်ငန်းတွေမှာအသုံးပြုတဲ့ Tools တစ်ခုအဖြစ်သာမြင်တာဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
–
အခြားတစ်ဖက်မှာ အိန္ဒိယဗဟိုဘဏ်ရဲ့ Former Governor Shaktikanta Das က ဗဟိုဘဏ်ရဲ့ Digital Currency CBDC Pilot Program ကို ထောက်ခံခဲ့ပြီး အနာဂတ်ငွေကြေးလို့ ခေါ်ဆိုခဲ့ကာ သူ့ရဲ့ Departure မတိုင်ခင်မှာ အိန္ဒိယဗဟိုဘဏ် RBI က 2024 ခုနှစ် November လမှာ Cross-border Payment Platform ကို ချဲ့ထွင်မယ့်အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။
ဗဟိုဘဏ်ဟာ Cross-border Payment Platform ကို အသုံးပြုတဲ့နိုင်ငံတွေကြားမှာ အဓိကငွေဖြေရှင်းမှုယန္တရားအဖြစ် CBDC ကို စူးစမ်းလေ့လာနေပြီး ကြည့်ရသလောက်ကတော့ Wholesale CBDC အနေနဲ့လာမယ်လို့ထင်ပါတယ်။
အနာဂတ်မှာ အိန္ဒိယအစိုးရအနေနဲ့ Permissionless Blockchain တွေကိုကန့်သတ်ပြီး Regulated Digital Assets တွေကိုသာ အသိမှတ်ပြုနိုင်ခြေရှိနိုင်သလို နိုင်ငံတကာ Regulatory Trends အပေါ်မူတည်ပြီး Crypto-friendly Policies ပြောင်းလဲနိုင်ခြေလည်းရှိနေတာကြောင့် Crypto Industry ထဲကို အိန္ဒိယဝင်ရောက်လာမလားဆိုတာကတော့ အတိအကျပြောလို့မရသေးပါဘူး။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://ift.tt/Ympc21A
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://ift.tt/eQjHNcm
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://ift.tt/UI2s1MR
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://ift.tt/0m6ePXD
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://ift.tt/B9xAPCu
Free Content တွေ ကြည့်လို့ရမယ့် YouTube Channel
https://ift.tt/F0VJ1mw
Telegram တွေ join ဖို့
https://ift.tt/ucZgqKf