5 နှစ်တာ Crypto အခွန်ကင်းလွတ်ခွင့်ပြုမယ့် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ 2025 ခုနှစ်ကနေစလို့ နောက်ပိုင်း 5 နှစ်တာကာလအထိ Bitcoin လိုမျိုး Cryptocurrencies တွေ ရောင်းချတာကနေရရှိတဲ့၀င်ငွေတွေအပေါ် အခွန်ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့အကြောင်း မကြာသေးခင်က အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။

ဒုတိယဘဏ္ဍာရေးဝန်ကြီး Julapun Amornvivat ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ 2025 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့ကနေစလို့ 2029 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့အထိ လိုင်စင်ရရှိထားတဲ့ Crypto Asset ဝန်ဆောင်မှုပေးသူတွေကနေတဆင့်ပြုလုပ်မယ့် Crypto အရောင်းအဝယ်အမြတ်အပေါ်ကောက်ခံတဲ့အခွန် (Capital gains tax) ကို ထိုင်းနိုင်ငံက လျှော့ပေါ့ပေးသွားမှာဖြစ်တဲ့အကြောင်း သိရှိခဲ့ရပါတယ်။

ဝန်ကြီးရဲ့အဆိုအရ အခုအစီအစဉ်ဟာ ထိုင်းနိုင်ငံရဲ့ Digital Assets တွေအတွက် ဥပဒေနဲ့ အခွန်ကောက်ခံမှုတွေကို ပထမဆုံးကျင့်သုံးတဲ့နိုင်ငံတွေထဲကတစ်ခုအဖြစ်ကော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအချက်အချာတစ်ခုအဖြစ်ပါ နိုင်ငံရဲ့ရပ်တည်မှုကိုမြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်သလို Financial Action Task Force (FATF) က အကြံပြုထားတဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးမူဝါဒတွေနဲ့အညီ ထိုင်း SEC ရဲ့ ကြီးကြပ်မှုအောက်မှာ ထိုင်းနိုင်ငံ Crypto အရောင်းအဝယ်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

အခုလို ထိုင်းနိုင်ငံအနေနဲ့ Crypto နဲ့ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်နေရတာဟာ လက်ခံမှုမြင့်တက်လာနေတဲ့ Crypto လမ်းကြောင်းနဲ့အညီ စီးမြောလိုက်ပါနေတာဖြစ်ပြီးတော့ မေလ 26 ရက်နေ့တုန်းကလည်း ကြီးမားတဲ့ စည်းမျဉ်းစည်းကမ်း ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ခရီးသွားတွေကို Crypto နဲ့ ငွေပေးချေခွင့်ပြုမယ့် အစီအစဉ်တွေကိုပါ ကြေညာခဲ့ပါသေးတယ်။

အချုပ်ဆိုရရင် ထိုင်းနိုင်ငံရဲ့ အခုလို Crypto အခွန်ကင်းလွတ်ခွင့် 5နှစ်တောင် ပေးလိုက်တဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံတွင်း Digital Assets နယ်ပယ်ကို ပိုမိုတိုးတက်လာအောင် ဆွဲဆောင်နိုင်မယ့်အပြင် ရေရှည်မှာပါ Crypto နဲ့ ဆက်နွယ်နေတဲ့ လုပ်ဆောင်မှုတွေများပြားလာမှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် အခွန်ရငွေတိုးပွားလာဖို့ အလားအလာကောင်းတွေရှိလာတော့မယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://go.dbsmyanmar.com/binance10

Referral ID

TMHZX466

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://go.dbsforex.com/exness

Leave a Reply