YouTuber အသစ်တွေ လုပ်လေ့ရှိတဲ့ အမှား (၇) ခု

YouTube Channel ထောင်တာတွေခေတ်စားလာပြီး YouTube ကနေပိုက်ဆံရှာတာတွေလည်း ကျွန်တော်တို့ မြန်မာပြည်မှာခေတ်စားလာပါပြီ။ တချို့ YouTuber အသစ်လေးတွေအနေနဲ့ YouTube မှာအမှားလေးတွေလုပ်မိနေတာကြောင့် YouTube channel က ထင်သလောက်မအောင်မြင်ဖြစ်နေတာလေးတွေလည်းရှိပါတယ်။ ဒီ Blog Post မှာတော့ YouTuber ဖြစ်ဖို့ အခုမှစတင်လုပ်မဲ့ YouTuber တွေအနေနဲ့ လုပ်လေ့ရှိတဲ့အမှား (7) ခုကိုပြောပြပေးချင်ပါတယ်။

(1) Content မျိုးစုံဖန်တီးခြင်း

စဥ်းစားမိလို့ရသမျှ Idea တွေကို Video ဖန်တီးတာက အမှားအကြီးကြီးပါပဲ။ စဥ်းစားမိသမျှ အကြောင်းအရာတွေကို Video ဖန်တီးရင် ကြည့်တဲ့သူများလာမယ်လိုထင်ရင် မိတ်ဆွေမှားသွားပါပြီ။ ဥပမာထားပါတော့ မိတ်ဆွေက Channel တစ်ခုထဲမှာ Fashion အကြောင်းရော အိမ်မွေးတိရစ္ဆာန်အကြောင်းရော ကားတွေအကြောင်းရော စဥ်းစားမိသမျှတင်နေရင် Subscribers ထင်သလောက်မရဖြစ်တတ်ပါတယ်။ အဲဒီလိုအများကြီးတင်မဲ့ အစား ကိုယ်တစ်ကယ်ကျွမ်းကျင်တဲ့ အကြောင်းအရာတစ်ခုကို လူတွေအတွက်အကျိုးရှိအောင်ဖန်တီးတာက လူမှတ်မိလွယ်ပြီး အောင်မြင်နိုင်မှာပါ။ အဲလိုဖန်တီးတာကြောင့် Audience တွေက မိတ်ဆွေ Channel ကိုမှတ်မိပြီး မိတ်ဆွေ Video တွေကလည်း Search Result မှာ ပေါ်လာစေမှာပါ။

(2) အခြား Channel တွေက Content တွေနဲ့ Metadata တွေကူးယူခြင်း

အခြားသူဖန်တီးထားတဲ့ Video တွေကိုဖြတ် ညှပ် ကပ်လုပ်တာက ရေရှည်မှာ Channel growth ဖြစ်ပြီး အောင်မြင်ဖို့မလွယ်ကူပါဘူး။ Metadata ကူးယူတယ် ဆိုတာကတော့ အခြားသူတွေရဲ့ Title တွေ Description တွေကိုတိုက်ရိုက်ကူးချတာကိုပြောတာပါ။ အဲလိုမလုပ်ပါနဲ့ Title နဲ့ Description တူတိုင်း ရတဲ့ View မတူနိုင်ပါဘူး။ ကိုယ့်ဘာသာ stand out ဖြစ်နိုင်မဲ့ Title တွေ Description. တွေ Video တွေစဥ်းစားဖန်တီးပါ။

(3) Channel အတွက် Views တွေ Subscribers တွေ ဝယ်ယူခြင်း

အဲဒီလိုတွေ Subscriber တွေ View တွေဝယ်ယူတာမကောင်းတဲ့ အချက် (2) ချက်ရှိပါတယ်။ ပထမအချက်ကတော့ ဈေးကြီးတာပါ။ နောက်တစ်ချက်ကတော့ ဈေးကြီးပြီး မထိရောက်တာပါ။ မထိရောက်ဖူးဆိုတာက မိတ်ဆွေ ပိုက်ဆံပေးဝယ်ထားတဲ့ Subscriber တွေက မိတ်ဆွေတင်တဲ့ video တိုင်းကို အမှန်တကယ်ကြည့်မဲ့သူတွေမဟုတ်ပါဘူး YouTube က Fake Subscribers ဆိုတာကို Detect လုပ်မိရင် Channel ပါ ဖျက်ချ ခံရနိုင်ပါတယ်။ အဲတာကြောင့် ကိုယ်ဖန်တီးမဲ့ Content တွေကိုတကယ် စိတ်ဝင်တစားကြည့်မဲ့ audience တွေနဲ့ပဲ Channel Growth ဖြစ်လာအောင်ကြိုးစားပါ။

(4) Perfect ဖြစ်တဲ့ထိစောင့်ခြင်း

Video တွေကို Perfect ဖြစ်မှတင်ချင်တာက New YouTuber တွေ အလုပ်များဆုံး အမှားဖြစ်ပါတယ်။ Perfect ဖြစ်အောင်စောင့်နေတာကြောင့် Video တွေ မတင်ဖြစ်တော့ဘဲ အချိန်ဆွဲမိသလိုဖြစ်တာကြောင့် Channel က Growth ဖြစ်ဖို့ နှေးလာနိုင်ပါတယ်။ Perfect ဖြစ်တဲ့ထိမစောင့်ပါနဲ့ ရှိတာ ရတာနဲ့ Video ဖြစ်အောင်သာလုပ်ပါ။

(5) ကိုယ်တကယ်စိတ်ဝင်စားတဲ့ Video တွေမဖန်တီးခြင်း

ကျွန်တော်တို့ Channel အတွက် Niche ရွေးရတာ အခက်အခဲဆုံးအလုပ်ပါ။ မိတ်ဆွေလည်းတစ်ကယ်ဝါသနာပါပြီး ပိုက်ဆံလည်းဝင်နိုင်မဲ့ Niche ကိုသေသေချာချာစဥ်းစားပြီးရွေးချယ်ပါ။ မိတ်ဆွေက ကိုယ်စိတ်မဝင်စားတဲ့ Niche ကိုရွေးမိရင် Content တွေ ဖန်တီးရတာ အခက်အခဲ ရှိနိုင်ပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့ဝါသနာ မပါတဲ့ အကြောင်းအရာတွေကို ဘယ်သူမှ ပုံမှန်ဖန်တီးချင်မှာ မဟုတ်ပါဘူး။ နောက်ထက်ပြဿနာတစ်ခုကတော့ မိတ်ဆွေကတော့ အရမ်းစိတ်ဝင်စားတယ် ဒါပေမဲ့ အဲဒီ Niche အတွက် Audience က မြန်မာပြည်မှာနည်းတယ် ပြီးတော့ ပိုက်ဆံမရနိုင်ဘူးဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ နှစ်ခုလုံးမျှမျှတတ ဖြစ်ဖို့က အရေးကြီးပါတယ်။

(6) YouTube ပေါ်မှာ ချက်ချင်းအောင်မြင်ရမယ်လို့တွေးခြင်း

YouTuber အသစ် အများစုက Video သုံးလေးပုဒ်တင်ပြီးတာနဲ့ အောင်မြင်ချင်ကြပါတယ်။ မိတ်ဆွေက မိတ်ဆွေရဲ့ Audience ကိုတကယ်တန်ဖိုးရှိတဲ့ Content တွေ အများကြီးမဖန်တီးပေးခင်မှာ ချက်ချင်းအောင်မြင်ရမယ်လို့မတွေးပါနဲ့။ တချို့ လူတွေက Video သူံးလေးပုဒ်နဲ့ အရမ်းပေါက်သွားတဲ့ View တွေ Subscriber တွေရသွားတဲ့ လူတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကို အားမကျပါနဲ့။ မိတ်ဆွေက မိတ်ဆွေ Audience အတွက် အကျိုးရှိမဲ့ Content တွေဖန်တီးပေးရင် အချိန်အတိုင်းအတာတစ်ခုလောက်မှာသေချာပေါက် အောင်မြင်လာမှာပါ။

(7) Consistency မရှိခြင်း

New YouTuber အတော်များများက consistency မရှိကြပါဘူး။ Consistency ဆိုတာ audience အတွက်တကယ် တမ်ဖိုးတစ်ခုခုရှိတဲ့ Video တွေကို ပုံမှန်တင်ပေးတာကို ပြောတာပါ။ ပုံမှန်မတင်နိုင်ရင် Channel growth ဖြစ်ဖို့အခက်အခဲရှိပါတယ်။ Consistency ရှိဖို့ဆိုရင် Schedule တစ်ခု သေချာထားပြီး အဲဒီ Schedule အတိုင်းတစ်ပတ်ကို Video ဘာ်နှပုဒ်တင်မလဲဆိုတာမျိုးလုပ်သင့်ပါတယ်။ Consistency မရှိတဲ့အမှားမျိုးမပြုလုပ်မိဖို့က New YouTuber တွေအတွက် အလွန်အရေးကြီးပါတယ်။

Leave a Reply