ဇွန်လ 6 ရက်နေ့က Bitcoin အခြေပြု DeFi Platform တစ်ခုဖြစ်တဲ့ Alex Protocol မှာ ခန့်မှန်းခြေ ဒေါ်လာ 8.3 သန်းတန်ဖိုးရှိတဲ့ Digital Assets တွေ အခိုးခံလိုက်ရပါတယ်။ ဒီ Protocol ကိုတော့ Stacks blockchain ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး တိုက်ခိုက်သူတွေက သူ့ရဲ့ကိုယ်ပိုင်စာရင်းသွင်းစနစ် (self-listing verification logic) ရဲ့ ချို့ယွင်းချက်တစ်ခုကို အခွင့်ကောင်းယူကာ ငွေတွေကိုထုတ်ယူသွားတာဖြစ်တယ်လို့ Alex Protocol က ဆိုထားပါတယ်။
Alex Protocol ရဲ့ကြေညာချက်အရ တိုက်ခိုက်သူတွေဟာ Stacks (STX) Token 8.4 သန်းကျော်၊ Stacks Bitcoin (sBTC) 21.85 ခု၊ ဒေါ်လာ 149,850 တန်ဖိုးရှိတဲ့ USDC နဲ့ USDT Token တွေအပြင် Wrapped Bitcoin (WBTC) 2.8 ခုကိုပါ ခိုးယူသွားခဲ့တဲ့အတွက် ဒီဖြစ်ရပ်ဟာ Stacks ecosystem မှာ ဖြစ်ပွားခဲ့တဲ့ အကြီးဆုံးအခိုးခံရမှုတွေထဲကတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ Alex Lab Foundation က ထိခိုက်နစ်နာခဲ့တဲ့သုံးစွဲသူတွေကို သူတို့ရဲ့ဘဏ္ဍာငွေတွေထဲကနေ အပြည့်အဝပြန်လည်ပေးလျော်သွားမယ်လို့ ကတိပေးထားပြီး ငွေပေးလျော်မှုကို USDC Token နဲ့ ပြုလုပ်မှာဖြစ်ကာ သတ်မှတ်ထားတဲ့လျှောက်လွှာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ Alex Protocol ဘက်က ဘယ်လိုနည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် အခုလိုအခိုးခံရတယ်ဆိုတာကိုတော့ အဖွဲ့ကအတိအကျမပြောသေးပေမယ့် အသေးစိတ်အစီရင်ခံစာကို မကြာခင်ထုတ်ပြန်မယ်လို့တော့ မျှော်လင့်ရပါတယ်။
Alex Protocol အနေနဲ့ 2024 ခုနှစ် မေလတုန်းကလည်း အလားတူပုံစံမျိုးတိုက်ခိုက်ခံခဲ့ရတာကြောင့် ဒေါ်လာ 4.3 သန်း ဆုံးရှုံးခဲ့ရဖူးပြီး အဲဒီတုန်းက သူတို့ရဲ့ Crosschain Bridge စနစ်ချို့ယွင်းချက်ကြောင့် ခွင့်ပြုချက်မရှိဘဲ ငွေတွေထုတ်ယူခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မေလကဖြစ်ရပ်နဲ့ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ Lazarus လို့ခေါ်တဲ့ cyber ရာဇဝတ်ဂိုဏ်းနဲ့ဆက်နွယ်နိုင်တယ်လို့ Alex Protocol က သံသယရှိကြောင်းပြောကြားခဲ့တဲ့အတွက် အဲဒီတိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ Wallet သုံးခုကိုလည်းခြေရာခံနိုင်ဖို့ Blockchain လေ့လာသူ ZachXBT နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိအချိန်ထိတော့ ဇွန်လ 6 ရက်နေ့က ဖြစ်ပွားခဲ့တဲ့အခိုးခံရမှုမှာ ဘယ်သူတွေပါဝင်ပတ်သက်နေလဲဆိုတာ အတိအကျမသိရသေးပေမယ့် မေလတုန်းကဖြစ်ရပ်မှာ Lazarus Group ကိုသံသယရှိထားတဲ့အတွက် ဒီတစ်ကြိမ်မှာလည်း အဲဒီအဖွဲ့နဲ့ ဆက်စပ်မှုရှိနိုင်လားဆိုတာကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://go.dbsmyanmar.com/binance10
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://t.me/aungmonchan
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://go.dbsforex.com/exness
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://go.dbsforex.com/tv
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://web.facebook.com/profile.php?id=61567876146300
Free Content တွေ ကြည့်လိုရမယ့် YouTube Channel
https://go.dbsmyanmar.com/youtube
Telegram တွေ join ဖို
https://t.me/addlist/3wmUg9GJrpFlNGY1