သင်တန်းပုံစံ : Pre-recorded Videos

သင်တန်းတက်ရမည့်နေရာ : Facebook Group

သင်တန်းကြေး : 40000 ကျပ်

စမည့်ရက် : ငွေလွှဲပြီးတာနဲ့ စနိုင်ပါပြီ

Video Editing

Basic Level

လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သူ မထူးနွယ်အိမ် ကိုယ်တိုင် သင်ကြားပေးထားတဲ့ Basic Video Editing Course ဖွင့်ပါပြီ
 
Digital for Business Success မှာ Video Editing သင်တန်းမဖွင့်သေးဘူးလား ခဏခဏ မေးကြလို့ Basic Video Editing သင်တန်းလေးကို မထူးနွယ်အိမ်နဲ့ ပူးပေါင်းပြီး စီစဉ်ပေးလိုက်ပါပြီဗျ။
 
DBS ရဲ့ “Quality ကောင်းတဲ့သင်တန်းများကို Affordable price နဲ့ တက်နိုင်ရမယ်” ဆိုတဲ့ ထုံးစံအတိုင်း ဒီသင်တန်းကိုလဲ Pre-recorded Video များနဲ့ Facebook Group ကနေ အချိန်မရွေးလေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။
 
Basic ဆိုပေမယ့် Video Editing ပိုင်းကို တော်တော်များများ လုပ်တတ်အောင် သင်ကြားပေးထားပါတယ်။ Laptop လိုအပ်မှာဖြစ်ပြီး Premiere Pro ကောင်းကောင်းတင်ပြီး run နိုင်တဲ့ စက်ဖြစ်ဖို့ လိုအပ်ပါမယ်။
 
Basic level တက်​မြောက်ထားသူများအ​နေနဲ့ ရုံးလုပ်ငန်း​ကြော်ငြာများ၊ ​​မွေးနေ့ပွဲ Wedding ပွဲ အမှတ်တရရိုက်ကူး​ရေး video များကို​ကောင်းမွန်စွာပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
 
သင်ကြားမယ့်ခေါင်းစဉ်များ
(1) : Project တည်​ဆောက်ပုံ၊ Sequence setting တည်​ဆောက်ပုံ၊ Data များ import ပြုလုပ်ပုံ၊ Tools များအ​ကြောင်း၊ tools များအသုံးပြုပုံ
(2) : Time line ထဲမှ vdo line, audio line အ​ကြောင်း၊ link ဖြုတ်ခြင်း ချိတ်ခြင်း၊ အရုပ် cut များဖြတ်ပုံ
(3) : Vdo line နှစ်ခုအရုပ် အရုပ်ခြင်းဘယ်လိုထပ်လဲ?
(4) : Transition များအသုံးပြုပုံနှင့် Effect Control အ​ကြောင်း( screen size change ပုံ၊ အ​ပေါ်​အောက် move လုပ်ပုံ၊ ဘယ်ညာ move လုပ်ပုံ၊ rotate အသုံးပြုပုံ၊ အရုပ်opacity ကစားပုံ)
(5) : Title ​တွေအ​ကြောင်း၊ title ထိုးပုံအမျိုးမျိုး
(6) : Frame rate များအ​ကြောင်း
Speed/ slow အသုံးပြုပုံနှင့် frame rate ကွာသွားပုံ။
Green screen ဖြင့်ရိုက်ထား​သောအရုပ်ကို chroma ​ဖောက်နည်း
(7) : Export setting များအ​ကြောင်း
Export ထုတ်နည်းအမျိုးမျိုး
 
သင်ကြားပေးထားတဲ့ ဒါရိုက်တာ (မ)ထူးနွယ်အိမ်ဟာ ကိုယ်တိုင်လည်းလူငယ်ဒါရိုက်တာတစ်​ယောက်ဖြစ်ပြီး Music video များ၊ TVC ​ကြော်ငြာများ၊ Video ဇာတ်ကား ၅ကား၊ RED 4K ဖြင့်ရိုက်​သောရုပ်ရှင်ဇာတ်ကားကြီး တစ်ကားနဲ့ TV series တစ်ခုကိုကိုယ်တိုင်တည်းဖြတ်ခဲ့ဖူး​သူလည်း ဖြစ်ပါတယ်။
 
ဒီသင်တန်းကို မူလသင်တန်းကြေး 70000 ကျပ် သတ်မှတ်ထားပေမယ့် အခုချိန်မှာ အားလုံးအဆင်ပြေစေဖို့အတွက် အထူးလျော့ဈေး 40,000 ကျပ်နဲ့ပဲ လက်ခံပေးမှာဖြစ်ပါတယ်။ အထူးသတိထားရမှာကတော့ ဒီ လျှော့ဈေး promotion က ပထမဆုံးအပ်သူ လူ 100 အတွက်ပဲ ရမှာနော်။