Nigeria အစိုးရက Binance ကို နိုင်ငံတွင်း မပေးဆောင်ခဲ့တဲ့အခွန် $2 Billion နဲ့ Binance ရဲ့လုပ်ဆောင်ချက်တွေကြောင့် Naira (Nigeria ပိုက်ဆံ) ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းကာ ဒေသတွင်း ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးဆုံးရှုံးမှုတွေအတွက် $79 Billion ဆိုပြီး စုစုပေါင်း $81.5 Billion ပေးဆောင်ဖို့ တရားစွဲဆိုလိုက်ပါတယ်။
Reuters ရဲ့ ဖော်ပြချက်အရ Nigeria ရှိ FIRS (Federal Inland Revenue Service) က Binance အနေနဲ့ 2022 နဲ့ 2023 ခုနှစ်တွေအတွက် မပေးချေရသေးတဲ့ အခွန်တွေရှိနေတယ်လို့ ပြောကြားခဲ့ပြီး FIRS က ကုမ္ပဏီရဲ့ ပျက်ကွက်အခွန်တွေကို 26.75% အတိုးနဲ့အတူ ပြန်လည်ပေးဆောင်ဖို့တောင်းဆိုထားပါတယ်။
–
ဒီဖြစ်စဉ်မတိုင်ခင် 2024 ခုနှစ် February လမှာ Nigeria အစိုးရက Binance အမှုဆောင်တွေနဲ့ ပြည်နယ်ထိန်းချုပ်ရေးအရာရှိတွေကြား ဆွေးနွေးပွဲတစ်ခုမှာ Binance အမှုဆောင် 2 ဦးဖြစ်တဲ့ Tigran Gambaryan နဲ့ Nadeem Anjarwalla တို့ကို အခွန်လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုစွဲချက်တွေနဲ့ ရုတ်တရတ်ဖမ်းဆီးခဲ့ဖူးပါတယ်။
အကြောင်းကတော့ Binance Platform ပေါ်က Traders တွေဟာ Naira တန်ဖိုးကိုမတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်ဆိုတဲ့ Nigeria အရာရှိတွေရဲ့ ဝေဖန်ချက်တွေကြောင့်ဖြစ်ပြီး Binance အနေနဲ့ အဆိုပါဝေဖန်ချက်တွေကြောင့် 2024 ခုနှစ် March လမှာ Naira နဲ့ဆိုင်တဲ့ ကုန်သွယ်မှုတွေအားလုံးကို Platform ပေါ်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။
2024 September မှာ အမေရိကန်သံတမန်တွေက အမှုဆောင်တွေကိုလွှတ်ပေးဖို့ Nigeria အစိုးရကို ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ကြတာကြောင့် နောက်ပိုင်းမှာ FIRS က အဆိုပါအမှုဆောင်နှစ်ဦးအပေါ် အခွန်ဆိုင်ရာစွဲဆိုချက်တွေကို ရုပ်သိမ်းပေးခဲ့ပါတယ်။
–
Binance ဘက်က Naira နဲ့ဆိုင်တဲ့ ကုန်သွယ်မှုတွေ အားလုံးကို ရပ်ဆိုင်းခဲ့ပေမယ့်လည်း Nigeria အစိုးရက Naira ငွေကြေး မတည်မငြိမ်ဖြစ်စေတာဟာ Binance Platform ပေါ်က Traders တွေကြောင့်ဆိုပြီး ဆက်လက်စွပ်စွဲထားနေဆဲဖြစ်ပါတယ်။
$81.5 Billion တောင်းဆိုမှုက အလွန်အမင်းများပြားတဲ့ပမာဏဖြစ်ပြီး အရင်ကအခြေအနေတွေကြောင့် Binance အနေနဲ့ Nigeria နဲ့ သဘောတူညီမှုရရှိဖို့ ခက်ခဲနိုင်ကာ အကယ်လို့ Nigeria နဲ့ သဘောတူညီမှုရရှိခဲ့မယ်ဆိုရင် Naira ဝန်ဆောင်မှုတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အလားအလာရှိပေမယ့်လည်း လက်ရှိဥပဒေရေးရာ အခက်အခဲတွေကြောင့် အရင်လိုပြန်ဖြစ်လာဖို့ကတော့ခက်ခဲနေပါသေးတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://ift.tt/93MG6gH
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://ift.tt/R4mCpXM
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://ift.tt/u2mplQk
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://ift.tt/ik2yKXR
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://ift.tt/b53AYnC
Free Content တွေ ကြည့်လို့ရမယ့် YouTube Channel
https://ift.tt/8hqvVIm
Telegram တွေ join ဖို့
https://ift.tt/KIi15Jl