” Bitcoin နဲ့ USDT သုံးပြီး ရေနံရောင်းဝယ်နေတဲ့ ရုရှား “

” Bitcoin နဲ့ USDT သုံးပြီး ရေနံရောင်းဝယ်နေတဲ့ ရုရှား “

Reuters သတင်းဌာနရဲ့ March လ 14 ရက် အစီရင်ခံစာအရ ရုရှားရေနံကုမ္ပဏီတွေဟာ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေရှိတဲ့ကြားက Bitcoin နဲ့ USDT လို Crypto Assets တွေကို နိုင်ငံတကာကုန်သွယ်မှုတွေမှာ အသုံးပြုနေကြပါတယ်။

2024 ခုနှစ်နှောင်းပိုင်းမှာ ရုရှားဘဏ္ဍာရေးဝန်ကြီးက ရုရှားအနေနဲ့ Bitcoin လို Assets တွေကို နိုင်ငံခြားကုန်သွယ်မှုမှာ လွတ်လပ်စွာအသုံးပြုနိုင်‌တယ်လို့ လူသိရှင်ကြားကြေညာခဲ့ပေမယ့် အခုလို တရုတ်၊ အိန္ဒိယတို့နဲ့ ရေနံအရောင်းအဝယ်တွေမှာ Crypto အသုံးပြုတာကိုတော့ အခုနောက်ပိုင်းမှ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ရုရှားရဲ့ နိုင်ငံခြားရေနံကုန်သွယ်မှုမှာ Crypto ကို အသုံးပြုတဲ့ပုံစံက ကြားခံလူတွေနဲ့ ပြည်ပအကောင့်တွေကိုစီမံခန့်ခွဲပြီး ဝယ်သူရဲ့ဒေသသုံး Currency နဲ့ အရောင်းအဝယ်တွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

ဥပမာအနေနဲ့ တရုတ်က ရုရှားဆီကနေ ရေနံဝယ်ယူမယ်ဆိုရင် ကြားခံအဖြစ်ဆောင်ရွက်တဲ့ ကုန်သွယ်ရေးကုမ္ပဏီကို ယွမ်ငွေနဲ့ ပြည်ပအကောင့်ထဲကိုငွေပေးချေပါတယ်။

ပြီးရင် ကြားခံက ငွေပေးချေမှုတွေကို Crypto Assets တွေအဖြစ်ပြောင်းလဲကာ အခြားအကောင့်တစ်ခုကိုလွှဲပြောင်းပေးပြီး နောက်ဆုံးမှာ ရုရှားမှာရှိတဲ့အကောင့်တစ်ခုကိုပို့ပြီးတော့ ရုရှားရူဘယ်အဖြစ် ပြောင်းလဲတာဖြစ်ပါတယ်။

သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရ ရုရှားအနေနဲ့ နိုင်ငံခြားရေနံကုန်သွယ်မှုမှာ အရေးယူပိတ်ဆို့မှုတွေရှိနေသည်ဖြစ်စေ ဒေါ်လာကိုလွတ်လပ်စွာ အသုံးပြုခွင့်ရသည်ဖြစ်စေ Crypto နဲ့ငွေပေးချေရတာက လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုမြန်ဆန်စေတာကြောင့် Crypto ကိုပဲဆက်လက်အသုံးပြုဖြစ်လိမ့်မယ်လို့ဆိုပါတယ်။

အဆိုပါသတင်းဟာ ရုရှားဗဟိုဘဏ်က အနည်းဆုံး ဒေါ်လာ $1.1 Million တန်ဖိုးရှိတဲ့ ငွေချေးစာချုပ်တွေနဲ့ အပ်ငွေတွေရှိတဲ့ချမ်းသာကြွယ်ဝသူတွေအတွက် Cryptocurrency ရင်းနှီးမြှုပ်နှံမှုတွေကို တရားဝင်ခွင့်ပြုဖို့ အဆိုပြုနေချိန်မှာထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြောင့် ရိုးရိုးငွေပေးချေမှုစနစ်တွေကို အသုံးပြုဖို့ အခက်အခဲတွေရှိလာတဲ့အတွက် Crypto အပေါ်အားကိုးလာတာဖြစ်ပြီး နိုင်ငံအတွင်းမှာ Crypto အသုံးပြုမှုနဲ့ပတ်သက်လို့ အချို့ကိစ္စတွေမှာ ခွင့်ပြုပေးထားတာကြောင့် နိုင်ငံတကာကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးနယ်ပယ်မှာ ပိုမိုအားကောင်းလာနိုင်တဲ့အလားအလာတွေရှိသလို တရားမဝင်အသုံးပြုမှုတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် စိန်ခေါ်မှုတွေလည်းရှိနေတာဖြစ်တဲ့အတွက် နိုင်ငံတကာက ရုရှားရဲ့ Crypto အသုံးပြုမှုအပေါ် ဘယ်လိုတုံ့ပြန်မှုတွေပြုလုပ်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://ift.tt/iTaU2I1

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://ift.tt/QLAw1Dn

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://ift.tt/FTRvAak

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://ift.tt/xm1a4eS

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://ift.tt/WvSyL5X

Free Content တွေ ကြည့်လိုရမယ့် YouTube Channel

https://ift.tt/Jcwzbh3

Telegram တွေ join ဖို

https://ift.tt/ag0tLGi

Comments

No comments yet. Why don’t you start the discussion?

Leave a Reply