” Bitcoin ဝယ်ဖို့ အတည်ပြုခံရနိုင်ချေရှိတဲ့ Utah ပြည်နယ်”

” Bitcoin ဝယ်ဖို့ အတည်ပြုခံရနိုင်ချေရှိတဲ့ Utah ပြည်နယ်”

January 28 ရက်နေ့မှာ Utah ပြည်နယ် အောက်လွှတ်တော် စီးပွားဖွံ့ဖြိုးရေးကော်မတီက HB230 ဥပဒေမူကြမ်းကို 8မဲ 1မဲ နဲ့ အတည်ပြုခဲ့ပါတယ်။

Utah ပြည်နယ်ကိုယ်စားလှယ် Jordan Teuscher တင်သွင်းခဲ့တဲ့ HB230 ဆိုတာ ဘဏ္ဍာရေးမှူးအနေနဲ့ ပြည်သူ့ဘဏ္ဍာငွေရဲ့ 5% အထိကို Bitcoin ဒါမှမဟုတ် High Market Cap ရှိတဲ့ Crypto နဲ့ Stablecoins တွေမှာ ရင်းနှီးမြှုပ်နှံမယ့် ဥပဒေမူကြမ်းကိုဆိုလိုတာပါ။

အခုအချိန်မှာ ဥပဒေမူကြမ်းက အထက်လွှတ်တော်ကိုရွှေ့ပြောင်းနေပြီး အထက်လွှတ်တော်ရဲ့အတည်ပြုချက်ရခဲ့ရင် ပြည်နယ်အုပ်ချုပ်ရေးမှူးဆီ ရောက်ရှိမှာဖြစ်ပါတယ်။

အခုလို အလားတူဥပဒေမူကြမ်းတွေကို အခြားပြည်နယ်များတွင်လည်းတွေ့ရှိနေရပြီး အထူးသဖြင့် Arizona ပြည်နယ်မှာ Senate အမတ် Wendy Rogers နဲ့ ကိုယ်စားလှယ် Jeff Weninger တို့တင်သွင်းခဲ့တဲ့ SB1025 (Strategic Bitcoin Reserve Act) ကို January 27 ရက်နေ့က Senate ဘဏ္ဍာရေးကော်မတီမှအတည်ပြုခဲ့ပြီး အောက်လွှတ်တော်ဆန္ဒမဲယူပွဲကို စောင့်ဆိုင်းလျက်ရှိနေပါတယ်။

ဒါ့အပြင် February 4 ရက်နေ့ New Mexico ပြည်နယ်က Senate အမတ် Ant Thornton ကလည်း SB57 ဥပဒေမူကြမ်းကိုတင်သွင်းခဲ့ပြီး ပြည်သူ့ဘဏ္ဍာရဲ့ 5% ကို Bitcoin မှာ ရင်းနှီးမြှုပ်နှံဖို့အဆိုပြုထားပါတယ်။

ဒါပေမယ့် North Dakota မှာ Crypto Assets နဲ့ ရွှေငွေသတ္တုတွေကို ပြည်နယ်အဆင့်ရင်းနှီးမြှုပ်နှံမယ့် HB1184 ဥပဒေမူကြမ်းကိုတော့ January 31 ရက်နေ့မှာ အောက်လွှတ်တော်မှ 57မဲ 32မဲ နဲ့ပယ်ချခံခဲ့ရပါတယ်။

Bitcoin Reserve Monitor အချက်အလက်‌တွေအရ အမေရိကန်ပြည်နယ် 14 ခုက သူတို့ရဲ့ဘဏ္ဍာ‌ရေးရုံးတွေကို Crypto Assets ဝယ်ယူခွင့်ပေးမယ့် ဥပဒေမူကြမ်းတွေကို တင်သွင်းထားကြပြီးပြီပဲဖြစ်ပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://go.dbsmyanmar.com/binance10

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://t.me/aungmonchan

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://go.dbsforex.com/exness

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://go.dbsforex.com/tv

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://web.facebook.com/profile.php?id=61567876146300

Free Content တွေ ကြည့်လို့ရမယ့် YouTube Channel

https://go.dbsmyanmar.com/youtube

Telegram တွေ join ဖို့

https://t.me/addlist/3wmUg9GJrpFlNGY1

Comments

No comments yet. Why don’t you start the discussion?

Leave a Reply