” CFPB ပိတ်သိမ်းမှုကြောင့် ဝေဖန်ခံနေရတဲ့ Trump နဲ့ Elon Musk “

” CFPB ပိတ်သိမ်းမှုကြောင့် ဝေဖန်ခံနေရတဲ့ Trump နဲ့ Elon Musk “

 

February 13 ရက်နေ့မှာ CFPB ဝန်ထမ်း အယောက် 100 ခန့် အလုပ်ထုတ်ခံရတယ်လို့ NPR သတင်းဌာနကဖော်ပြခဲ့ပြီး အဆိုပါသတင်းဟာ Trump ခန့်အပ်ထားတဲ့ CFPB ဥက္ကဌ Russell Vought က Elon Musk DOGE ရဲ့ Workforce Optimization Initiative (အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေး) အစီအစဉ်နဲ့အညီ CFPB ဘဏ္ဍာငွေကို ဖြတ်တောက်လိုက်တာနဲ့ ဆက်စပ်နေပါတယ်။

ဒါကြောင့် 2007 ခုနှစ် CFPB ကို စတင်တည်ထောင်ရာမှာ အဓိကပါဝင်ခဲ့သူဖြစ်တဲ့ Democratic ပါတီ Senate လွှတ်တော်အမတ် Elizabeth Warren က CFPB ကို ဖျက်သိမ်းဖို့ကြိုးပမ်းနေတဲ့ Elon Musk နဲ့ Donald Trump ကို ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ပါတယ်။

Warren က CFPB ကို လွှတ်တော်ကဖန်တီးခဲ့တာဖြစ်တာကြောင့် လွှတ်တော်ကသာဖျက်သိမ်းနိုင်တယ်လို့ February 12 ရက်နေ့ Mother Jones သတင်းဌာန Interview မှာပြောကြားခဲ့ပြီး CFPB ဟာ အကြီးစားဘဏ်များရဲ့လိမ်လည်မှုတွေကနေ အမေရိကန်မိသားစုတွေကို ကာကွယ်ပေးနေခဲ့တာဖြစ်ပြီး ဆုံးရှုံးငွေ $21 Billion ကျော်ထိ ပြန်လည်ရရှိအောင်လုပ်ဆောင်နိုင်ခဲ့ကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။

နောက်ပြီး Elon Musk အနေနဲ့ X ကနေတစ်ဆင့် လူတိုင်းရဲ့ ငွေကြေးအချက်အလက်တွေကို စုဆောင်းနေပြီး CFPB ကို လမ်းကြောင်းဖယ်ဖို့ ကြိုးစားနေတာဟာ ဘဏ်ဓားပြက ရဲတွေကိုအရင်ဖယ်ပြီး‌တော့ ဘဏ်ထဲဝင်ဖို့ကြိုးစားနေသလိုပဲလို့ Warren က နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

Elon Musk နဲ့ Donald Trump တို့ရဲ့ CFPB ဖျက်သိမ်းရေးလုပ်ရပ်တွေက Cryptocurrency ဈေးကွက်အတွက် သက်ရောက်မှုနှစ်မျိုးဖြစ်စေနိုင်ပါတယ်။ တစ်ဖက်မှာ စည်းမျဉ်းလျှော့ချမှုတွေကြောင့် နည်းပညာတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်ပေမယ့် အခြားတစ်ဖက်မှာ Consumers တွေကို အကာအကွယ်ပေးမှုလျော့နည်းသွားတာကြောင့် အန္တရာယ်တွေဖြစ်ပေါ်စေလာနိုင်ပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://ift.tt/FSDi4e2

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://ift.tt/Z3NGBaV

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://ift.tt/mSNdcBK

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://ift.tt/KyYehZc

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://ift.tt/phfYWXd

Free Content တွေ ကြည့်လို့ရမယ့် YouTube Channel

https://ift.tt/7TIaSGY

Telegram တွေ join ဖို့

https://ift.tt/dzJulq7

Comments

No comments yet. Why don’t you start the discussion?

Leave a Reply