Donald Trump က CFPB ဥက္ကဋ္ဌအဖြစ် Russell Vought ကိုခန့်အပ်ပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ Russell Vought က CFPB ရဲ့လုပ်ငန်းများကိုရပ်ဆိုင်းပြီး ရန်ပုံငွေအသစ်များမယူတော့ကြောင်း ကြေညာခဲ့ပါတယ်။
Vought က February 9 ရက်နေ့မှာ CFPB အနေနဲ့ လက်ရှိရံပုံငွေ $711.6 Million က စီးပွားရေးအခြေအနေမှာလိုအပ်တာထက် ပိုလျှံနေတာကြောင့် Federal Reserve ဆီက ငွေထုတ်ယူမှုကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး CFPB ဝန်ထမ်းတွေကိုလည်း ကြီးကြပ်ရေးနဲ့ စစ်ဆေးရေးလုပ်ငန်းအားလုံးကိုရပ်တန့်ပြီး ရုံးကိုပိတ်ကာ အိမ်ကနေအလုပ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
သတင်းအရ ရုံးပိတ်ပြီးစုံစမ်းစစ်ဆေးမှုရပ်ဆိုင်းတာအတွက် တိကျတဲ့ရက်စွဲကို မဖော်ပြထားပဲ ဒီအပတ်အတွင်းဖြစ်မယ်လို့သာဖော်ပြထားတာကြောင့် အပြီးတိုင်လား ယာယီလားဆိုကတော့ မသေချာသေးတဲ့အခြေအနေတစ်ခုပါ။
–
CFPB ဆိုတာ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်စေခဲ့တဲ့ 2008 ခုနှစ်အချိန်ကာလမှာ ငွေအလွဲသုံးစားလုပ်မှုနဲ့ မတရားအမြတ်ထုတ်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်တာကိုတားဆီးဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဘဏ်နဲ့ ငွေလွှဲကုမ္ပဏီတွေလို ဘဏ္ဍာရေးကုမ္ပဏီတွေကိုထိန်းချုပ်ဖို့နဲ့ US-based Crypto Exchanges ဆိုင်ရာပြသနာတွေကို ကိုင်တွယ်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
Better Markets ရဲ့ပူးတွဲတည်ထောင်သူ Dennis Kelleher ကတော့ Trump အနေနဲ့ CFPB ကို ဖျက်ဆီးဖို့ ကြိုးပမ်းခြင်းဟာ သူ့ကိုထောက်ခံတဲ့သူတွေကို စီးပွားရေးအန္တရာယ်ထဲကျရောက်အောင် လုပ်ဆောင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အကယ်၍ CFPB သာအပြီးတိုင်ပိတ်သိမ်းသွားခဲ့မယ်ဆိုရင် Crypto Industry အတွက် လုပ်ငန်းအခွင့်အလမ်း ပိုပြီးများလာမယ့်ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မှာဖြစ်ပေမယ့် ငွေကြေးထိန်းသိမ်းရေးနဲ့ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းတွေမျှတမှုမရှိရင် Dennis Kelleher ဝေဖန်သလို စီးပွားရေးအန္တရာယ်တွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် ရင်ဆိုင်ရမယ့်အရာတွေ အများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://ift.tt/v1zy5Ld
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://ift.tt/JksfV1L
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://ift.tt/QjIt1e7
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://ift.tt/YbFr0VO
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://ift.tt/9u147fE
Free Content တွေ ကြည့်လို့ရမယ့် YouTube Channel
https://ift.tt/fDarJm6
Telegram တွေ join ဖို့
https://ift.tt/tST3Kva