“Crypto Council မှာ ဘယ်သူတွေ ပါမလဲ?”

“Crypto Council မှာ ဘယ်သူတွေ ပါမလဲ?”

အမေရိကန်သမ္မတ Donald Trump က 2025 January လ 23 ရက်နေ့မှာ Digital ငွေကြေးစနစ်ဆိုင်ရာအလုပ်အဖွဲ့ (Working Group on Digital Asset Markets) ဖွဲ့စည်းဖို့အမိန့်ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဆိုပါအဖွဲ့မှာ Crypto Industry Executives များ ပါဝင်နိုင်ကြောင်း New York Post သတင်းအရသိရပြီး အဆိုပါသတင်းအရ အလုပ်အမှုဆောင်များတွင် Kraken ရဲ့အရင်ဥပဒေရေးရာအကြံပေး Marco Santori, Ripple တည်ထောင်သူ Brad Garlinghouse, Podcast Host Frank Chaparro, Circle CEO Jeremy Allaire, Coinbase CEO Brian Armstrong နဲ့ Crypto.com CEO Kris Marszalek တို့ပါဝင်နိုင်တယ်လို့ဆိုပါတယ်။

အခုစာရင်းမှာပါဝင်သူတွေက ပါဝင်နိုင်ဖို့ အလားအလာရှိသူ‌တွေသာဖြစ်ပြီး အခြားသောကော်မတီဝင်တွေကိုလည်း Industry Experience ပေါ်အခြေခံပြီး ရွေးချယ်သွားမယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် အစိုးရဌာနဆိုင်ရာများဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ဥပဒေချုပ်၊ ကုန်သွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ စီမံခန့်ခွဲမှုရုံးအကြီးအကဲ၊ ကုန်သွယ်ရေးနဲ့ငွေကြေးစီမံခန့်ခွဲ‌ရေးကော်မရှင် (CFTC) ဥက္ကဋ္ဌတို့ကို ကော်မတီမှာ ပါဝင်စေဖို့ညွှန်ကြားထားပြီး အမေရိကန်ဗဟိုဘဏ်နဲ့ FDIC ကကိုယ်စားလှယ်တွေကိုတော့ ဖယ်ထုတ်ထားခဲ့ပါတယ်။

Custodia Bank ရဲ့ CEO Caitlin Long လို လုပ်ငန်းခေါင်းဆောင်တွေက အဆိုပါဆုံးဖြတ်ချက်ကိုထောက်ခံခဲ့ကြပြီး အခုလိုဖယ်ထုတ်ခြင်းဟာ ဘဏ်တွေရဲ့ Cryptocurrency လုပ်ငန်းတွေကိုပိတ်ပင်တဲ့ (Debanking) လုပ်ငန်းစဉ်ကို အဆုံးသတ်စေလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

အခုလို အပြောင်းအလဲတွေဟာ အမေရိကန်ရဲ့ Digital Economy ကို အားကောင်းစေလာနိုင်မယ်လို့မျှော်လင့်ရပြီး အလုပ်အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ကာ Crypto နယ်ပယ်မှာ အထင်ကရပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://go.dbsmyanmar.com/binance10

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://t.me/aungmonchan

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://go.dbsforex.com/exness

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://go.dbsforex.com/tv

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://web.facebook.com/profile.php?id=61567876146300

Free Content တွေ ကြည့်လို့ရမယ့် YouTube Channel

https://go.dbsmyanmar.com/youtube

Telegram တွေ join ဖို့

https://t.me/addlist/3wmUg9GJrpFlNGY1

Comments

No comments yet. Why don’t you start the discussion?

Leave a Reply