” Crypto Projects တွေအတွက် သတင်းကောင်း “

” Crypto Projects တွေအတွက် သတင်းကောင်း “

 

 

February 4 ရက်နေ့မှာ SEC Commissioner Hester Peirce က အစိုးရရဲ့ Crypto Task Force အနေနဲ့ Crypto Assets အချို့ကို Securities အဖြစ်သတ်မှတ်ဖို့ ပြန်လည်သုံးသပ်နေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အရင် SEC ဥက္ကဋ္ဌ Gary Gensler လက်ထက်မှာ စည်းမျဉ်းများမရှင်းလင်းမှုကို ဝေဖန်ခံခဲ့ရပေမယ့်လည်း လက်ရှိ Crypto Task Force က Digital Assets တွေအတွက် ပိုမိုရှင်းလင်းတဲ့ Regulatory Framework တွေချမှတ်ဖို့လုပ်ဆောင်နေပြီး အချို့သော Token Offerings တွေကို Retroactive Relief ပေးဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။

Retroactive Relief ဆိုတာ SEC အရင်က Illegal Securities အဖြစ်သတ်မှတ်ထားတဲ့ Token Offerings တွေကို ပြန်လည်သုံးသပ်ပြီးတော့ အချို့သော Token Sales တွေကိုပြန်လည်ခွင့်ပြုမယ်လို့ဆိုလိုတာပါ။

ဒါပေမယ့် Project တွေအနေနဲ့ SEC ရဲ့စည်းမျဉ်းတွေကိုတော့ လိုက်နာဖို့လိုအပ်ပါတယ်။ SEC သတ်မှတ်ချက်များအရ Company ဒါမှမဟုတ် Project တွေအနေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖော်ပြပေးဖို့လိုအပ်ပြီး အကယ်လို့ အဆိုပါ Assets ရဲ့ဝယ်ယူရောင်းချမှုနဲ့ပတ်သက်ပြီး လိမ်လည်မှု ဖြစ်ပွားခဲ့ရင်တော့ SEC ရဲ့တရားစီရင်ပိုင်ခွင့်ကို ကုမ္ပဏီပိုင်ရှင်တွေအနေနဲ့ ဆန့်ကျင့်ခွင့်မရှိပါဘူး။

Coinbase CEO Brian Armstrong အဆိုအရ Trump Administration အနေနဲ့ အမေရိကန်ဒေါ်လာကို ကမ္ဘာ့ငွေကြေးအဖြစ်ဆက်လက်တည်ရှိစေဖို့အတွက် Stablecoin Regulations တွေထုတ်ပြန်ဖို့ ပိုမိုအာရုံစိုက်လာနိုင်တယ်လို့ဆိုပါတယ်။

လွှတ်တော်အမတ် Tom Emmer ကလည်း စျေးကွက်ဖွဲ့စည်းပုံဆိုင်ရာဥပဒေနဲ့ Stablecoin ဆိုင်ရာပြဌာန်းချက်များကို အတည်ပြုဖို့ဦးစားပေးမယ်လို့ပြောကြားခဲ့ပြီး Bank of America ရဲ့ CEO Brian Moynihan က Cryptocurrency Market သာအမှန်တကယ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာမယ်ဆိုရင် ဘဏ်တွေအနေနဲ့ Crypto Payments ဘက်မှာ အပြင်းအထန်ပါဝင်လာမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

SEC အနေနဲ့ အခုလို Crypto အတွက် ပိုမိုရှင်းလင်းတဲ့ Regulatory Framework တစ်ခုချမှတ်ဖို့လုပ်ဆောင်နေတာနဲ့ Retroactive Relief ပေးဖို့စဉ်းစားနေတာဟာ အရင်ကရှိခဲ့တဲ့ Crypto Projects တွေအတွက် ကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://ift.tt/Ympc21A

Referral ID
TMHZX466

သင်တန်းစုံစမ်းရန်
https://ift.tt/eQjHNcm

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://ift.tt/UI2s1MR

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://ift.tt/0m6ePXD

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page
https://ift.tt/B9xAPCu

Free Content တွေ ကြည့်လို့ရမယ့် YouTube Channel
https://ift.tt/F0VJ1mw

Telegram တွေ join ဖို့
https://ift.tt/ucZgqKf

Comments

No comments yet. Why don’t you start the discussion?

Leave a Reply