တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာရဲ့ တည်ရှိမှုကိုစိန်ခေါ်ဖို့နဲ့ Digital Yuan ရဲ့ အသုံးပြုနိုင်စွမ်းကို ပြည်တွင်းနဲ့ နိုင်ငံတကာငွေပေးချေမှုတွေမှာပါ ပါဝင်လာစေနိုင်ဖို့အတွက် တရုတ်နိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Pan Gongsheng က Digital Yuan (CBDC) ရဲ့ လုပ်ငန်းနယ်ပယ်ကို တိုးချဲ့သွားမှာဖြစ်တဲ့အကြောင်း မကြာသေးခင်က ကတိပြုပြောကြားခဲ့ပါတယ်။
Reuters သတင်းဌာနရဲ့အဆိုအရ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲက အမေရိကန်ဒေါ်လာနဲ့ ယူရိုတို့လိုငွေကြေးတွေရဲ့လွှမ်းမိုးမှုကိုလျှော့ချကာ Digital Yuan လုပ်ငန်းနယ်ပယ်ကိုတိုးချဲ့ဖို့အတွက် နိုင်ငံတကာလုပ်ငန်းလည်ပတ်ရေးဌာနတစ်ခုကို ရှန်ဟိုင်းမြို့မှာ တည်ထောင်နေကြောင်းသိရှိရသလို အထူးသဖြင့် အမေရိကန်သမ္မတ Donald Trump ရဲ့ ကြိုတင်ခန့်မှန်းမထားနိုင်ခဲ့တဲ့ အခွန်ကောက်ခံမှုတွေကြောင့် အမေရိကန်ဒေါ်လာက ရင်းနှီးမြှုပ်နှံသူတွေအတွက် ဆွဲဆောင်မှုနည်းလာနိုင်တဲ့နောက်မှာ တရုတ်နိုင်ငံက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး Digital Yuan ကို နိုင်ငံတကာအဆင့်အထိတွန်းတင်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်နိုင်ပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားလေ့ရှိတဲ့ Stablecoin တွေက နယ်စပ်ဖြတ်ကျော်ငွေလွှဲပြောင်းမှုတွေမှာ လွယ်ကူချောမွေ့စေလာတာကြောင့် လူသိများလာသလို နိုင်ငံအတော်များများကလည်း ဒီလို Stablecoin တွေကို လက်ခံကျင့်သုံးဖို့ ကြိုးစားလာနေကြတဲ့အတွက် Official Monetary and Financial Institutions Forum (OMFIF) ရဲ့အစီအရင်ခံစာအရ ဗဟိုဘဏ်အချို့ကတော့ CBDC အပေါ် စိတ်ဝင်စားမှုလျော့နည်းကာ အစီအစဉ်တွေကို ရွှေ့ဆိုင်းလျက်ရှိနေပါတယ်။
ဒါကြောင့် တနည်းဆိုရရင် Digital ငွေကြေးလောကက ဆက်လက်ပြောင်းလဲနေဦးမှာဖြစ်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ Digital Yuan ကို နိုင်ငံတကာမှာအောင်မြင်အောင်တွန်းတင်နိုင်မှုက အခြားနိုင်ငံတွေရဲ့ ဗဟိုဘဏ် Digital ငွေကြေးတွေနဲ့ Stablecoin တွေရဲ့အနာဂတ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာပြီး အနာဂတ်မှာ ဘယ်သူကဦးဆောင်နိုင်မလဲဆိုတာကိုတော့ အချိန်ကသာအဖြေပေးသွားနိုင်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမယ့် အခြေအနေတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://go.dbsmyanmar.com/binance10
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://t.me/aungmonchan
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://go.dbsforex.com/exness
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://go.dbsforex.com/tv
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://web.facebook.com/profile.php?id=61567876146300
Free Content တွေ ကြည့်လိုရမယ့် YouTube Channel
https://go.dbsmyanmar.com/youtube
Telegram တွေ join ဖို
https://t.me/addlist/3wmUg9GJrpFlNGY1