” Federal Reserve လည်း Stablecoin ကိုထောက်ခံလာပြီ “

” Federal Reserve လည်း Stablecoin ကိုထောက်ခံလာပြီ “

အမေရိကန် Federal Reserve ဘဏ်အုပ်ချုပ်ရေးမှူး Christopher Waller က Stablecoin တွေဟာ အမေရိကန်ဒေါ်လာလွှမ်းမိုးမှုကို ပိုမိုကျယ်ပြန့်စေနိုင်တယ်လို့ မှတ်ချက်ပြုပြီး ဘဏ်တွေအနေနဲ့ ဒေါ်လာချိတ်ဆက်ထားတဲ့ Digital Currencies တွေထုတ်ပေးနိုင်ဖို့ ဥပဒေရေးရာ Framework တစ်ခုလိုအပ်ကြောင်း February 12 ရက်နေ့ San Francisco မြို့မှာကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ Stablecoin တွေက Crypto Ecosystem အတွင်းမှာ Retail နဲ့ နိုင်ငံခြားငွေပေးချေမှုတွေကို တိုးတက်အောင်လုပ်နိုင်တဲ့ တီထွင်ဆန်းသစ်မှုတစ်ခုလို့ဆိုပြီး Stablecoin အန္တရာယ်တွေကို ဖြေရှင်းပေးမယ့် US Regulatory & Supervisory Framework တစ်ခုကိုလည်း တည်ဆောက်ဖို့လိုအပ်တယ်လို့ဆိုခဲ့ပါတယ်။

အဆိုပါ Framework မှာ ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့အဖွဲ့အစည်းတွေကို စည်းကမ်းချက်များနဲ့အညီ Stablecoin များထုတ်ခွင့်ပြုသင့်ကြောင်းနဲ့ ငွေပေးချေမှုဆိုင်ရာ Platform တွေအပေါ်မှာလည်း စည်းမျဉ်းသက်ရောက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

Federal Reserve အနေနဲ့ Stablecoin နဲ့ပတ်သက်တဲ့ တားမြစ်ချက်တွေကို တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပေမယ့် အစောပိုင်းမှာ Stablecoin တွေရဲ့ စနစ်ဆိုင်ရာအန္တရာယ်၊ Depeg ( Stablecoin 1$ နဲ့ USD 1$ မညီမျှခြင်း) ဖြစ်နိုင်မယ့် စိုးရိမ်မှုတွေကြောင့် သတိပေးချက်တွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေရေးရာ Framework များတိုးတက်စေဖို့ အစိုးရနဲ့ Private Sector ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်တာကြောင့် Crypto နယ်ပယ်မှာ နည်းပညာအသစ်တွေ ဖြေရှင်းချက်အသစ်တွေနဲ့ အခွင့်အလမ်းတွေပိုပြီးတော့ များပြားကျယ်ပြန့်လာတော့မှာပဲဖြစ်ပါတယ်။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://ift.tt/FSDi4e2

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://ift.tt/Z3NGBaV

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://ift.tt/mSNdcBK

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://ift.tt/KyYehZc

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://ift.tt/phfYWXd

Free Content တွေ ကြည့်လို့ရမယ့် YouTube Channel

https://ift.tt/7TIaSGY

Telegram တွေ join ဖို့

https://ift.tt/dzJulq7

Comments

No comments yet. Why don’t you start the discussion?

Leave a Reply