Hong Kong ရဲ့ Stablecoin ဥပဒေကြမ်းကို 2024 ခုနှစ် December 6 ရက်နေ့မှာ ဥပဒေပြုကောင်စီကိုတင်သွင်းခဲ့ပြီး December 18 ရက်နေ့မှာ ပထမအကြိမ်ဖတ်ကြားခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အကယ်၍ Stablecoin ဥပဒေသာ အတည်ပြုသွားမယ်ဆိုရင် Stablecoin Issuers တွေအနေနဲ့ HKMA (Hong Kong Monetary Authority) လိုင်စင်ရယူဖို့လိုအပ်မှာဖြစ်ပြီး အာမခံငွေနဲ့ ဈေးနှုန်းတည်ငြိမ်မှုလိုအပ်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။
–
2024 July လက Hong Kong ရဲ့ Stablecoin Sandbox မှာပါဝင်ခဲ့ကြတဲ့ Standard Chartered Bank, Animoca Brands နဲ့ HKT (Hong Kong Telecommunications) တို့ပူးပေါင်းကာ Hong Kong Dollar ကိုအခြေခံထားတဲ့ Stablecoin (HKD Stablecoin) ထုတ်လုပ်ဖို့ ကြိုးစားနေကြပြီး Hong Kong ရဲ့ လာမယ့် Stablecoin ဥပဒေအောက်မှာ လိုင်စင်ရယူဖို့လုပ်ဆောင်နေကြပါတယ်။
–
Standard Chartered က HKMA ရဲ့ ကြီးကြပ်မှုအောက်မှာ Hong Kong Dollar ထုတ်လုပ်တဲ့ ဘဏ် 3 ခုထဲက တစ်ခုဖြစ်ပြီး ယခင်က Stablecoin Issuers တွေနဲ့ HKMA ရဲ့ Tokenized Money လုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။
Animoca Brands က Blockchain နည်းပညာကဏ္ဍမှာ အဓိကပါဝင်တဲ့သူဖြစ်ပြီး HKT ကတော့ Hong Kong မှာ Telecommunications ဝန်ဆောင်မှုတွေနဲ့ Mobile Payment Systems တွေမှာအထူးပြုထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
–
HKD Stablecoin ထုတ်လုပ်မှုစနစ်က ဘဏ်လုပ်ငန်းရဲ့အခြေခံအင်အား၊ Blockchain နည်းပညာရဲ့တိကျမှုနဲ့ Digital Payment Systems ရဲ့ မြန်ဆန်မှုတို့ ပေါင်းစပ်ကာ နိုင်ငံအတွင်း နဲ့ နိုင်ငံအပြင်ငွေလွှဲပြောင်းမှုတွေမှာ ပိုမိုလျင်မြန်စရိတ်သက်သာစေနိုင်ပြီး လုံခြုံရေးလည်းတိုးတက်လာမှာဖြစ်တာကြောင့် Digital Assets စနစ်ဗဟိုချက်ဖြစ်လာဖို့ကြိုးစားနေတဲ့ Hong Kong အတွက်ကတော့ Stablecoin ဥပဒေသာ အတည်ပြုသွားခဲ့ရင် ငွေကြေးစနစ်၊ စီးပွားရေးနဲ့ Fintech နယ်ပယ်တွေမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://ift.tt/UoCGhkw
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://ift.tt/g2RUOic
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://ift.tt/sGL510x
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://ift.tt/9OmPZKQ
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://ift.tt/J9li5ZG
Free Content တွေ ကြည့်လို့ရမယ့် YouTube Channel
https://ift.tt/2C5ZrEG
Telegram တွေ join ဖို့
https://ift.tt/uMGjV8N