” Meta ကြောင့် စိုးရိမ်မှုတွေများနေရတယ် “

အမေရိကန်အထက်လွှတ်တော်အနေနဲ့ ငွေပေးချေမှုအတွက်အသုံးပြုနိုင်တဲ့ Stablecoin စည်းမျဉ်းဥပဒေကို မကြာမီအတည်ပြုတော့မှာဖြစ်တာကြောင့် အထက်လွှတ်တော်အမတ် Elizabeth Warren နဲ့ Richard Blumenthal တို့နှစ်ဦးက Meta CEO Mark Zuckerberg ဆီစာရေးသားကာ နည်းပညာကုမ္ပဏီကြီး Meta အနေနဲ့ ကိုယ်ပိုင် Stablecoin ထုတ်ဝေမယ့် အစီအစဉ်ရှိမရှိနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

အဆိုပါလွှတ်တော်အမတ်နှစ်ဦးက အဓိကအားဖြင့် 2025 ခုနှစ်ထဲမှာ Meta အနေနဲ့ Stablecoin နဲ့ပတ်သက်လို့ ဘယ်ကုမ္ပဏီတွေနဲ့တိုင်ပင်ဆွေးနွေးခဲ့သလဲဆိုတာအပါအဝင် လက်ရှိအထက်လွှတ်တော်မှာ ဆွေးနွေးနေတဲ့ Stablecoin ဥပဒေကြမ်းအပေါ် Meta ရဲ့လွှမ်းမိုးမှု‌ရှိမရှိဆိုတာနဲ့ပတ်သက်လို့ သိချင်နေကြတာဖြစ်ပါတယ်။

သူတို့စိုးရိမ်‌နေကြတာက အမေရိကန်သမ္မတ Donald Trump အနေနဲ့ GENIUS Act ဥပဒေမှာ Meta ကို သီးသန့်ခြွင်းချက်ပေးပြီး တခြား Stablecoin ထုတ်ဝေသူတွေ လိုက်နာရမယ့်စည်းမျဉ်းတွေကို Meta က ရှောင်ရှားခွင့်ရသွားမယ့်ကိစ္စအပါအဝင် Meta အနေနဲ့ အရင်ကမအောင်မြင်ခဲ့တဲ့ Libra နဲ့ Diem စီမံကိန်းတွေလိုပဲ နောက်ထပ် Stablecoin တစ်မျိုးကို ထပ်ပြီးထုတ်လုပ်ဖို့ကြိုးစားကာ သုံးစွဲသူတွေရဲ့ကိုယ်ရေးအချက်အလက်လုံခြုံရေးနဲ့ စျေးကွက်အပေါ်လွှမ်းမိုးမှုတွေပေါ်ပေါက်လာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

အခုလို Mark Zuckerberg ဆီ လွှတ်တော်အမတ်နှစ်ဦးပေးပို့တဲ့ ဒီစာက Facebook, Instagram, Threads, Messenger နဲ့ WhatsApp တို့ပါဝင်တဲ့ Meta ရဲ့ Platform တွေမှာ Stablecoin ငွေပေးချေမှုစနစ်ကိုပေါင်းစပ်ဖို့ စူးစမ်းလေ့လာနေကြောင်း အစီရင်ခံစာတွေနဲ့အတူ ထွက်ပေါ်လာတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ Meta အနေနဲ့ USDT နဲ့ USDC တို့ကို အသုံးပြုဖို့ရည်ရွယ်ထားတာလား ဒါမှမဟုတ် သူတို့ကိုယ်ပိုင်စီမံကိန်းကိုပဲလုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။

ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်

https://go.dbsmyanmar.com/binance10

Referral ID

TMHZX466

သင်တန်းစုံစမ်းရန်

https://t.me/aungmonchan

သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ

ဒီလင့်မှာ အကောင့်ဖွင့်ပါ

https://go.dbsforex.com/exness

Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ

https://go.dbsforex.com/tv

Community တည်ရှိမယ့်နေရာတွေက

Official Facebook Page

https://web.facebook.com/profile.php?id=61567876146300

Free Content တွေ ကြည့်လိုရမယ့် YouTube Channel

https://go.dbsmyanmar.com/youtube

Telegram တွေ join ဖို

https://t.me/addlist/3wmUg9GJrpFlNGY1

Leave a Reply