အမေရိကန်သမ္မတ Donald Trump ရွေးကောက်တင်မြှောက်ခံရပြီးတဲ့နောက် Former FTX CEO SBF (Sam Bankman-Fried) အပါအဝင် စီးပွားရေးဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေက အပြစ်လွတ်ငြိမ်းခွင့်ရရှိဖို့အတွက် လမ်းကြောင်းကို ရှာဖွေနေကြပါတယ်။
အပြစ်လွတ်ငြိမ်းခွင့်တောင်းခံသူတွေစာရင်း များပြားလာတာနဲ့အမျှ လွတ်ငြိမ်းခွင့်ရရှိမယ့်အလားအလာဟာ နည်းပါးလာကြောင်း White Collar Support Group ရဲ့ အမှုဆောင် ဒါရိုက်တာ William Livolsi က ပြောကြားခဲ့ပါတယ်။
January 22 ရက်နေ့မှာ Trump က Silk Road ဖန်တီးခဲ့တဲ့ Ross Ulbricht ကို ကတိပြုထားတဲ့အတိုင်း အပြစ်ကနေ လွှတ်ငြိမ်းခွင့်ပေးခဲ့ပြီး Ulbricht လွတ်ငြိမ်းခွင့်ပေးခံရပြီးနောက်မှာ FTX ပျက်သုဉ်းမှုကြောင့် ထောင်ဒဏ် 25 နှစ်ချမှတ်ခံထားရတဲ့ SBF ရဲ့ မိဘတွေက သမ္မတဆီ အပြစ်လွှတ်ငြိမ်းခွင့်တောင်းခံဖို့ စဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
–
Ulbricht နဲ့ SBF တို့က Crypto နယ်ပယ်ရဲ့ High-profile Figures တွေဖြစ်ကြပေမယ့် သူတို့ရဲ့ပြစ်ဒဏ်နဲ့ နိုင်ငံရေးဆိုင်ရာအကြောင်းရင်းတွေ ကွဲပြားပြီး Ulbricht ရဲ့ လွှတ်ငြိမ်းခွင့်က Trump ရဲ့ နိုင်ငံရေးကတိကို ဖြည့်ဆည်းဖို့အတွက်ဖြစ်တယ်လို့ Livolsi က ရှင်းပြခဲ့ပါတယ်။
Livolsi အဆိုအရ အပြစ်လွတ်ငြိမ်းခွင့် ရယူဖို့တရားဝင် လျှောက်ထားမှုစနစ်ရှိပေမယ့်လည်း လျှောက်လွှာတင်ပြီးတဲ့နောက်ပိုင်း လုပ်ငန်းစဉ်ကတော့ ရေရာမှုမရှိဘူးလို့ ပြောခဲ့ပြီး အပြစ်လွတ်ငြိမ်းခွင့်ရုံးမှာ လျှောက်လွှာပေါင်း 10,000 ကျော်စုပုံနေကာ နိုင်ငံရေးဆက်သွယ်မှုမရှိဘူးဆိုရင် လွတ်ငြိမ်းခွင့်ရရှိနိုင်ဖို့ နည်းတယ်လို့ဆိုပါတယ်။
သမ္မတတွေက မီဒီယာဖိအား၊ နိုင်ငံရေးဆက်စပ်မှု ဒါမှမဟုတ် သူတို့စိတ်ဝင်စားတဲ့အချက်တွေကို အခြေခံပြီးတော့ အပြစ်လွတ်ငြိမ်းခွင့်ပေးလေ့ရှိတာကြောင့် SBF အနေနဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ မီဒီယာဖိအားတွေမပါရင် လွတ်ငြိမ်းခွင့်ရဖို့ခက်မှာပဲဖြစ်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://ift.tt/93MG6gH
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://ift.tt/R4mCpXM
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://ift.tt/u2mplQk
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://ift.tt/ik2yKXR
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://ift.tt/b53AYnC
Free Content တွေ ကြည့်လို့ရမယ့် YouTube Channel
https://ift.tt/8hqvVIm
Telegram တွေ join ဖို့
https://ift.tt/KIi15Jl