
သင်တန်းပုံစံ : Pre-recorded Videos
သင်တန်းတက်ရမည့်နေရာ : Facebook Group
သင်တန်းကြေး : 29000 ကျပ်
စမည့်ရက် : ငွေလွှဲပြီးတာနဲ့ စနိုင်ပါပြီ
Small Business Strategy
For Business Owners
ရောင်းရအောင် ဘာလုပ်ရမလဲ…
ဒီမေးခွန်းက ကျွန်တော်တို့ကို ခဏခဏ အမေးခံရတဲ့မေးခွန်းဖြစ်ပါတယ်။ ပြီးတော့ ရှိသေးတယ် နောက်ထပ်မေးခွန်းတွေ
– Boost တော့နေတာပဲ သိပ်မရောင်းရဘူး
– Like တွေပဲရတယ် အော်ဒါတွေတက်မလာဘူး
– သူများတွေ ဈေးချနေပြီ၊ လိုက်ချရမလား
စသည် စသည် မေးခွန်းမျိုးတွေ မေးကြတယ်…
ဒီလိုမေးခွန်းမျိုးတွေ မေးကြရင် ကျွန်တော်တို့ အမြဲပြန်မေးဖြစ်တာက
– Business Strategy ရှိပြီလား
– Business Model က ဘာလဲ
– ဈေးနှုန်းသတ်မှတ်တဲ့ Pricing Strategy ကရော
– အရောင်းအဝယ်လုပ်တာအပြင် တခြား ငွေရှာတဲ့နည်းလမ်းတွေရော ရှိလား
ဒီလိုတွေပြန်မေးလိုက်တဲ့အခါ ကျွန်တော်တို့သင်တန်းသားတွေရော Consultation လုပ်ပေးနေတဲ့ လုပ်ငန်းရှင်တွေပါ ပြန်မဖြေတတ်တာ တွေ့ရပါတယ်..
ဒါဆိုရင်တော့ မဖြစ်တော့ဘူးဆိုပြီး လုပ်ငန်းရှင်တွေရော Online Shop တွေပါ အဆင်ပြေ ရောင်းအားတက်အောင် ဘယ်လိုထပ်ကူညီရမလဲ တွေးရင်းနဲ့
Small Business Strategy (SBS) သင်တန်းသစ်ကို စဖြစ်ပါတယ်။
ဒီသင်တန်းသစ်မှာ ဘာတွေပါမလဲဆိုတော့
– သာမန်ရိုးရိုး အရောင်းအဝယ် လုပ်တာအပြင် Business တစ်ခုအနေနဲ့ ငွေရှာလို့ရမယ့် Strategy 24 ခုပါမယ်
– လုပ်ငန်းတစ်ခု သေးသေးပဲဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ် စလုပ်ပြီဆိုရင် စဉ်းစားရတဲ့ အဆင့် 6 ဆင့်
– ဈေးလျှော့စရာမလိုဘဲ ဈေးကြီးလဲ ရောင်းရစေမယ့် Strategy
– မဝယ်ချင်တဲ့သူ မဝယ်ဖြစ်တဲ့သူ မရှိအောင် လုပ်ဖို့ ဈေးနှုန်း သတ်မှတ် နည်းလမ်း 16 ခု
– ကိုယ့်လုပ်ငန်းကို လိုက်ပြိုင်လာမယ့်သူတွေရဲ့ အရှေ့က ကြိုပြေးဖို့ သိထားရမယ့် အား 5 ခု
– ကိုယ့်အမှတ်တံဆိပ် ကိုယ့်နာမည်မြင်ရုံနဲ့ ဝယ်ချင်လာစေမယ့် Strategy
– ကိုယ့်ကို အမြဲမှတ်မိပြီး ကိုယ်ရောင်းရင် ဝယ်ရမယ်လို့ ဖြစ်စေမယ့် Strategy
– လုပ်ငန်းတစ်ခု လည်ပတ်ဖို့ လိုကို လိုအပ်တဲ့ Plan ချနည်း
– ဘာတွေခေတ်စားလာမလဲ ဘာတွေခေတ်ကုန်သွားမလဲ ကြိုတင်ခန့်မှန်းနိုင်မယ့် နည်းလမ်း 6 ခု
– ဒါတွေအားလုံးကို စနစ်တကျလုပ်ဖို့ လိုအပ်မယ့် Template တွေ
ဒါတွေအားလုံး SBS မှာ ပါဝင်မှာဖြစ်ပါတယ်။ DBS ရဲ့ထုံးစံအတိုင်း Facebook Group ကနေ Video တွေနဲ့ သင်ကြားပေးမှာဖြစ်တဲ့အတွက် အချိန်မရွေးပြန်ကြည့်လို့ရသလို Group ကနေလဲ ဘယ်တော့မှမထုတ်တဲ့အတွက် တစ်သက်စာဖြစ်ပါတယ်။
လုပ်ငန်းရှင် သေးသေးပဲဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ် Online Shop လေးပဲ လုပ်လုပ် SBS ရဲ့ နည်းလမ်းတွေကို အသုံးချပြီး လုပ်ငန်းစနစ်တကျ လည်ပတ်နိုင်မှာဖြစ်သလို ရောင်းအားတက်ဖို့ idea အသစ်တွေလဲ ရနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော် MBA မှာ သိန်း ၁၀၀ နဲ့ အချိန် ၁ နှစ်ကျော်ပေးပြီး တက်ရတာဖြစ်ပါတယ်။ DBS မှာတော့ သိန်း ၁၀၀ မပေးပါနဲ့၊ ၁၀ သိန်းလဲ မပေးပါနဲ့၊ ၁ သိန်းတောင် မပေးပါနဲ့။
သင့်လုပ်ငန်းအတွက် မတက်မဖြစ် တက်သင့်တဲ့ SBS သင်တန်းကို အားလုံးတက်စေချင်တဲ့အတွက် 29000 ကျပ်နဲ့ပဲ လက်ခံသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းကြေးကလဲ နောက်ကျရင် ဒီထက်ထပ်တက်ဖို့ ရှိဦးမှာပါ။
ဒီတော့ တွေဝေမနေပါနဲ့တော့၊ သင့်ပြိုင်ဘက်တွေ မတက်ခင် လက်ဦးဖို့လိုတယ်။ အခုပဲ အောက်ကလင့်မှာ နှိပ်ပြီး SBS တက်ချင်ပါတယ် လို့ ပို့လိုက်ပါ။