သင်တန်းပုံစံ : Pre-recorded Videos

သင်တန်းတက်ရမည့်နေရာ : Facebook Group

သင်တန်းကြေး : 19000 ကျပ်

စမည့်ရက် : ငွေလွှဲပြီးတာနဲ့ စနိုင်ပါပြီ

Social Media Design

For Your Business

❝ (၃)စက္ကန့်နဲ့ ဆွဲဆောင်ပါ ❞
 
Social Media မှာ ကြော်ငြာတစ်ခုရဲ့အသက်က အချိန် (၈)စက္ကန့်ပဲ ကြာတယ်တဲ့၊ အဲ့ဒီ(၈)စက္ကန့်ထိကြာဖို့အတွက် ပထမဆုံး (၃)စက္ကန့်မှာ မြင်ရတဲ့ ဒီဇိုင်းက အသက်ပဲ
အဲလို ❝အသက်❞ ကို ဖန်တီးဖို့အတွက် DBS ကနေ ထပ်မံဖွင့်လှစ်ပေးလိုက်တဲ့ Social Media Design Course အသစ်လာပါပြီ . . .
 
Facebook မှာ ပို့စ်လေးတွေတင်ပြီး ရောင်းတဲ့အခါ ပုံလှလှလေး မဆွဲတတ်လို့ စိတ်ညစ်နေသူတွေအားလုံးအတွက် အဆင်ပြေစေဖို့၊ Social Media Design အလန်းစားတွေကို အားလုံးထက် ဆွဲဆောင်မှုကောင်းနေအောင် ဖုန်းနဲ့ပါအလွယ်တကူ ဖန်တီးနိုင်ဖို့
 
>>> Social Media Design Course မှာ စတင် သင်ယူလိုက်ပါ
 
ဒီ Course မှာဆိုရင်
– Design ပိုင်းရဲ့ အခြေခံသိကိုသိသင့်တဲ့ Fundamentals အခြေခံတွေ၊ သီအိုရီတွေ၊ ဗဟုသုတတွေ
– Social Media မှာ သုံးမယ့် Design အလန်းတွေကို ဖုန်းနဲ့ အလွယ်တကူ ဘယ်လိုဖန်တီးရေးဆွဲရမလဲ
– ပိုမိုကောင်းမွန်တဲ့ Design တွေကို Laptop နဲ့ ဘယ်လိုဖန်တီးရေးဆွဲမလဲ
– Tools အသုံးပြုပုံ ပြုနည်းတွေ၊ စဉ်းစားနည်းတွေကို စနစ်တကျ သင်ပေးမယ့် သင်တန်း
 
ဒီသင်တန်းကို တက်ပြီးတဲ့အခါ ကိုယ်ပိုင် Online Shop နဲ့ Business အတွက် ကောင်းမွန်သပ်ရပ်တဲ့ Design လှလှလေးတွေ ဖန်တီးနိုင်မှာဖြစ်တဲ့အပြင် အခြားသူများအတွက်လဲ Design ပိုင်းဆိုင်ရာ Service ပေးနိုင်မှာဖြစ်ပါတယ်။
 
သင်ကြားမယ့်ပုံစံ
– Facebook Group ထဲမှာ Video File များ ကြိုတင်ထည့်သွင်းပေးထားမှာဖြစ်ပြီး မတတ်မချင်း စိတ်ကြိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်
– သင်တန်းပြီးဆုံးတဲ့အခါ Assignment တင်ရမှာဖြစ်ပြီး အောင်မြင်ခဲ့ရင် Certificate ရရှိမှာဖြစ်ပါတယ်
– သင်တန်း Group ထဲက တစ်သက်လုံးမထုတ်တဲ့အတွက် သင်တန်းသည် တစ်သက်စာ ဖြစ်ပါတယ်
 
သင်ကြားမည့်ဆရာ ❝ဦးကျော်လွင်မိုး❞သည် Photography ပညာရပ်ပိုင်းတွေမှာ (၇)နှစ်ကျော်၊ Graphic Design ပညာရပ်ပိုင်းတွေမှာ (၅)နှစ်ကျော်၊ အခြားပညာရပ်ပိုင်းဆိုင်ရာတွေဖြစ်တဲ့ Silk Screen Printing, Sublimation, Videography, Motion Graphic & 3D Modelling တွေမှာပါ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ဆရာတစ်ဦးပါ
 
အခုလက်ရှိမှာလည်း Portrait & Commercial Photographer တစ်ဦးအဖြစ်အနေနဲ့ရော Creative Designer တစ်ဦးအဖြစ်နဲ့ Finest Logo Creation, Finest Branding & Marketing and Glory Photo & Beauty Studio လုပ်ငန်းတွေကို Founder အဖြစ် ဦးဆောင်လုပ်ကိုင်နေသူပါ။ Brand Identity ပိုင်းနဲ့အတူ Photography & Social Media Development အတွက် ကုမ္ပဏီပေါင်း လုပ်ငန်းပေါင်းများစွာကို Services ပေးနေတဲ့သူလည်းဖြစ်ပါတယ်။
 
ဒီလို ဆရာမျိုးနဲ့အတူ ဒီလိုအရမ်းတန်တဲ့ သင်တန်းကို သင်တန်းကြေးအသက်သာဆုံးဈေးနှုန်း (19000) ကျပ်တည်းနဲ့ အခုပဲ တက်ရောက်သင်ကြားနိုင်ပြီဖြစ်ပါတယ်။
 
သင်တန်းတက်ရန်အတွက် အောက်ပါ လင့်လေးကိုနှိပ်ပြီး ဆက်သွယ်နိုင်ပါပြီ။