February 3 ရက်နေ့ထုတ်ပြန်ချက်အရ သမ္မတ Donald Trump က အရင်ညွှန်ကြားရေးမှူး Rohit Chopra ကို ရာထူးမှထုတ်ပယ်ပြီးနောက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကို CFPB (Consumer Financial Protection Bureau) ရဲ့ ယာယီညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
Senate လွှတ်တော်မှ ညွှန်ကြားရေးမှူးနေရာအတွက် အစားထိုးသူမရခင် အတည်မပြုခင်အချိန်ထိ Bessent က CFPB ကို ဦးဆောင်ရမှာပါ။
Bessent အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ တစ်ပတ်တောင်မပြည့်သေးတဲ့အချိန်မှာ အခုလို CFPB ကိုပါဦးဆောင်ဖို့ ခန့်အပ်လိုက်တာဟာ မေးခွန်းထုတ်စရာတစ်ခုဖြစ်စေပါတယ်။
အထူးသဖြင့် Bessent က အစိုးရရဲ့ Cryptocurrency အမြင်တွေနဲ့ကိုက်ညီပြီးတော့ အမေရိကန်ဗဟိုဘဏ်ရဲ့ Digital Currency (CBDC) ဖန်တီးမှုကို ဆန့်ကျင်တာမှာလည်းပါဝင်နေတာကြောင့်ပါ။
–
Trump Administration က ဘဏ်တွေအပေါ် Government Agencies တွေရဲ့ Authority ကို လျှော့ချဖို့နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ သတင်းတွေအရသိရပြီး Tesla CEO နဲ့ Elon Musk ကလည်း CFPB ကို ဖျက်သိမ်းဖို့တောင်းဆိုခဲ့တာတွေရှိပါတယ်။
ဒါ့အပြင် Trump က January 20 ရက်နေ့မှာ ဌာနအားလုံးနဲ့ အေဂျင်စီအားလုံးကို အဆိုပြုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရပ်ဆိုင်းဖို့ အမိန့်တစ်ရပ်ကိုထုတ်ပြန်ခဲ့တာကြောင့် အဆိုပါအမိန့်ကလည်း SEC, CFTC နဲ့ CFPB တွေရဲ့ ငွေကြေးစည်းမျဉ်းစည်းကမ်းတွေကို ထိခိုက်စေနိုင်ပါလိမ့်မယ်။
–
Crypto Industry ဟာ Trump Administration ရဲ့ Long-Term Policy ပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပြီးတော့ အခုလို Trump လုပ်ဆောင်နေတဲ့ ပြောင်းလဲမှုတွေက Short Term မှာ Crypto Industry အတွက် အကျိုးရှိနိုင်ပေမယ့်လည်း Long Term မှာ ဘယ်လို သက်ရောက်မှုတွေရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်။
ဒီကနေ Binance Account ဖွင့်ရင် 10% OFF Lifetime Trading Fees ရပါလိမ့်မယ်
https://ift.tt/Ympc21A
Referral ID
TMHZX466
သင်တန်းစုံစမ်းရန်
https://ift.tt/eQjHNcm
သုံးဖူးသမျှမှာ အကောင်းဆုံး Forex Broker ကတော့ Exness ပါပဲ
ဒီလင့်မှာ အကောင့်ဖွင့်ပါ
https://ift.tt/UI2s1MR
Trading View မရှိသေးရင် ဒီလင့်ကနေ ဖွင့်ပါ
https://ift.tt/0m6ePXD
Community တည်ရှိမယ့်နေရာတွေက
Official Facebook Page
https://ift.tt/B9xAPCu
Free Content တွေ ကြည့်လို့ရမယ့် YouTube Channel
https://ift.tt/F0VJ1mw
Telegram တွေ join ဖို့
https://ift.tt/ucZgqKf