နည်းပညာလောကရဲ့ နာမည်ကြီး Elon Musk တစ်ယောက်ကတော့ တရားစွဲဆိုမှုတစ်ခုနဲ့ ထပ်မံရင်ဆိုင်နေရပြန်ပါပြီ။ အဲ့ဒါကတော့ Ethereum အခြေစိုက် Gaming Network တစ်ခုဖြစ်တဲ့ ‘Xai’ က Elon Musk ရဲ့ Artificial Intelligence (AI) ကုမ္ပဏီဖြစ်တဲ့ ‘xAI’ ကို သူတို့ရဲ့ကုန်အမှတ်တံဆိပ် အခွင့်အရေးကို ချိုးဖောက်မှုအပါအဝင် တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုတွေနဲ့အတူ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (သြဂုတ်လ 21 ရက်) က ကယ်လီဖိုးနီးယားမြောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
Xai ရဲ့ မိခင်ကုမ္ပဏီ Ex Populus အဆိုအရ သူတို့ဟာ ‘XAI’ ဆိုတဲ့ အမှတ်တံဆိပ်ကို သူတို့ရဲ့ Blockchain Gaming စနစ်နဲ့ $XAI Token အတွက် 2023 ခုနှစ် ဇွန်လကတည်းက အမေရိကန်မှာ တရားဝင်သုံးစွဲလာခဲ့တာဖြစ်ပေမယ့် Elon Musk က 2023 ခုနှစ် ဇူလိုင်လမှာ ‘xAI’ ဆိုတဲ့ကုမ္ပဏီကိုကြေညာပြီး 2024 ခုနှစ် နိုဝင်ဘာလမှာ ‘xAI Gaming Studio’ ပါထောင်မယ်လို့ ကြေညာလိုက်တဲ့အခါမှာတော့ ဈေးကွက်ထဲမှာ အကြီးအကျယ် ရှုပ်ထွေးမှုတွေဖြစ်ကုန်ကာ အသုံးပြုသူတွေ၊ သတင်းဌာနတွေသာမက Musk ရဲ့ AI လက်ထောက် Grok ကိုယ်တိုင်တောင် ဒီကုမ္ပဏီနှစ်ခုကို မှားယွင်းချိတ်ဆက်မိတဲ့အထိ ဖြစ်ခဲ့တယ်လို့ တရားစွဲလွှာမှာ ဖော်ပြထားပါတယ်။
Xai ဘက်ကတော့ ဒီရှုပ်ထွေးမှုကြောင့် သူတို့ရဲ့နာမည်ကိုရိုက်ခတ်ရုံတင်မကဘဲ Elon Musk ရဲ့ လူကြိုက်များသလို အမုန်းလည်းပွားစေတဲ့ ပုံရိပ် (polarizing public image) ကြောင့် သူတို့ရဲ့ကုမ္ပဏီအပေါ်မှာပါ အဆိုးမြင်မှုတွေ ဖြစ်ပေါ်စေတယ်လို့ တရားစွဲလွှာမှာ ထည့်သွင်းပြောကြားထားတဲ့အပြင် Musk ရဲ့ ရှေ့နေအဖွဲ့အနေနဲ့ Xai ရဲ့ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ပြီးတော့ Ex Populus ရဲ့အခွင့်အရေးကို စွန့်လွှတ်အောင် ဖိအားပေးဖို့ ကြိုးစားခဲ့တယ်လို့လည်း စွပ်စွဲထားပါသေးတယ်။
ဒီတရားစွဲမှုက Crypto project ငယ်တစ်ခုနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးတို့ကြားက ‘David and Goliath’ တို့ရဲ့တိုက်ပွဲလိုပါပဲ။ ဒါပေမယ့် Xai ဘက်မှာ အလွန်အားကောင်းတဲ့အားသာချက်တစ်ခုအနေနဲ့ အမေရိကန် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံး (USPTO) ကိုယ်တိုင်က Musk ရဲ့ xAI အမှတ်တံဆိပ်လျှောက်လွှာတချို့ကို Xai ရဲ့ အမှတ်တံဆိပ်နဲ့ ရှုပ်ထွေးနိုင်ခြေရှိနေတာကြောင့် ဆိုင်းငံ့ထားပြီးဖြစ်နေတာပါပဲ။ ဒါကြောင့် လက်ရှိမှာတော့ Elon Musk ဘက်က ဒီကိစ္စကို တရားရုံးမှာ ရင်ဆိုင်မလား ဒါမှမဟုတ် ငွေနဲ့ပေါက်ပြီး အလျှော့ပေးဖြေရှင်းသွားမလားမသိရသေးပေမယ့် ဒီအမှုရဲ့အဖြေက နည်းပညာနဲ့ Crypto ခေတ်မှာ ကုန်အမှတ်တံဆိပ်ဥပဒေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာတစ်ခုဖြစ်လာမှာတော့ အသေအချာပါပဲ။
Binance အကောင့်သစ် ဒီလင့်ကဖွင့်ရင် Trading Fess Lifetime 10% ပြန်ရပါလိမ့်မယ်
https://go.dbsmyanmar.com/BinanceCrypto
အောက်ပါကုတ်ကို ကော်ပီကူးထည့်ပါ
TMHZX466
