fbpx

YouTube FAQ

YouTube နှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည့် အမေးများသော မေးခွန်းများ စုစည်းမှု (ပုံမှန် update လုပ်ပါသည်)

Created by DBS Myanmar

လတ်တလော အမေးအများဆုံး

လတ်တလော Hot ဖြစ်နေသည့် မေးခွန်းများ

Channel Deletion (ဖျက်ချခံရခြင်း)

ကျွန်တော်  YouTube Creator Support ကို တိုက်ရိုက် Chat ပြီး မေးရသလောက်မှာတော့ Google ဘက်က မြန်မာမို့လို့ဆိုပြီး ဖျက်ချတာမျိုး လုံးဝမရှိဘဲ Community Guidelines နဲ့ Copyright တွေကြောင့်သာ Action ယူတာမျိုးပဲ ရှိတဲ့အကြောင်း ပြောပါတယ်။ အောက်ပါ Video မှာ အသေးစိတ်လေး ကြည့်လို့ရပါတယ်။

https://youtu.be/7al4ZdZ12jk

Community Guidelines လို့ခေါ်တဲ့ YouTube စည်းကမ်းနဲ့မညီတာတွေကို ခဏခဏချိုးဖောက်ရင် (သို့) Copyright Strike (3) ချက်ထိရင် ဖျက်ချခံရနိုင်ပါတယ်။

Community Guidelines အကျဉ်းချုပ် မြန်မာပြန်ကို အောက်တွင်ကြည့်ပါ

စည်းကမ်းနဲ့ မညီတာတွေ မလုပ်ရင်၊ Copyright မငြိအောင် နေနိုင်ရင် ဘာမှမဖြစ်နိုင်ဘူးလို့ Customer Support က ပြောပါတယ်။ ရေရှည်မှာ ကိုယ်ပိုင် Content တွေကိုပဲ ဖန်တီးဖို့ ပိုဂရုစိုက်ရပါမယ်။

မြန်မာပြည်ကကြည့်ရင် ကြော်ငြာမမြင်ရခြင်း

အကြောင်းရင်း (၂) ချက်ရှိပါတယ်။

၁) YouTube မှာ မြန်မာနိုင်ငံကို Target ထားတဲ့ ကြော်ငြာတွေကို ပေး မ Run ဘဲ ရပ်ထားတာ

၂) YouTube ရဲ့ ကြော်ငြာပြတဲ့ Site ကို ဝင်ကြည့်ခွင့်ရှိတဲ့ နိုင်ငံမှာ မြန်မာ မပါတာ

အောက်ပါ Video မှာ အသေးစိတ် ပါပါတယ်။

 

https://youtu.be/7al4ZdZ12jk

ကျွန်တော်တို့နိုင်ငံ အခြေအနေ ပြန်မကောင်းမချင်းထိ ဖြစ်နိုင်တယ်။ ဒီထက် အခြေအနေ ပိုဆိုးသွားရင် Permanent လဲ ဖြစ်သွားနိုင်တယ်။

လူတွေ VPN သုံးနေသမျှတော့ အဆင်ပြေနေလိမ့်ဦးမယ်။ VPN ကလဲ Facebook ကို ပိတ်ထားသ၍ သုံးနေကြဦးမှာပဲ။

VPN မသုံးကြတော့ဘူး ဆိုရင်တော့ မြန်မာ YouTuber တွေထဲက ကြော်ငြာကို အားကိုးပြီး ငွေရှာတဲ့သူတွေ ဝင်ငွေလျော့လာလိမ့်မယ်။

ဖြစ်နိုင်ချေ နည်းလမ်း (၂) ခုရှိတယ်။

၁) ကြော်ငြာကို အရမ်းအားမကိုးရဘဲ တခြားနည်းနဲ့ ဝင်ငွေရတဲ့ Channel Idea တွေ စဉ်းစားပြီး လုပ်တာ

၂) International Audience ကို ဖောက်တာ

 

နံပါတ် ၁) နည်းလမ်းက ပိုပြီး လွယ်ကူမယ်။ နံပါတ် ၂) ကတော့ တော်တော်ကြိုးစားကြရမယ်။

Makers Questions

YouTube Makers သင်တန်းသားများ၏ မေးခွန်းများအတွက် အဖြေများ

မရှိပါဘူး။ Publish မလုပ်ခင် စစ်ကြတာ ထုံးစံပါပဲ။ Copyright Claim မိရင် Music ပြောင်းတာတို့ Mute တာတို့ လုပ်လိုက်ရင် အဆင်ပြေပါတယ်။

လူနာမည် နဲ့ ပညာရပ်တစ်ခုနဲ့ တွဲသိလာတဲ့အခါ အဲဒီ နာမည်နဲ့ ရှာတဲ့သူ သပ်သပ်ရှိလာတယ်။ လူနာမည်မှ မဟုတ်ဘူး brand နာမည်လဲ အတူတူပဲ။
 
ဥပမာ - DBS Myanmar ဆိုရင် နာမည်ထဲမှာ Make Money, YouTube စတဲ့ ကျနော်တို့တင်တဲ့ အကြောင်းအရာ တစ်ခုမှ မပါဘူး။ အဲဒီတော့ ရှာတဲ့အခါ channel ကတော့ တက်မလာဘူး။ ဒါပေမယ့်
 
  1. Video တွေမှာက အဲလို keyword တွေ ထည့်ထားတဲ့အတွက် ရှာတဲ့အခါ video တွေက တက်လာတယ်။ အဲဒီအတွက် eventually Sub တွေ Fan တွေ တိုးလာတယ်
  2. DBS သည် ဘာတွေတင်တဲ့ channel လဲ သိလာတဲ့အခါ Channel Name နဲ့ကို ရိုက်ရှာတဲ့ လူ group သပ်သပ်ရှိလာတယ်။
 
ပြန်ချုပ်ရရင် နာမည်မှာ keyword မပါပေမယ့် နောက်ပိုင်း branding အရ channel ကို လူသိလာလိမ့်မယ်။

အမေးအများဆုံး မေးခွန်းများ

ကျွန်တော်တို့ကို အမြဲမေးနေသည့် မေးခွန်းများ၏ အဖြေများ စုစည်းမှု

Monetization ငွေရှာခြင်း

  • Subscriber 1000
  • တစ်နှစ်အတွင်း ကြည့်ရှုမှု Watch Hour နာရီ 4000
  • တစ်ပါးသူ၏ Content မဟုတ်သော ကိုယ်ပိုင် Content များ

မရပါဘူး။ နိုင်ငံခြား လိပ်စာ နှင့် နိုင်ငံခြား ဘဏ်အကောင့် လိုပါတယ်။ ပိုက်ဆံထုတ်ပြီး မြန်မာကို ပြန်လွှဲဖို့လဲ သူငယ်ချင်း အကူအညီလိုပါတယ်။

ကိုယ်ပိုင်ဖန်တီးထားတဲ့ Content များကိုမှ Community Guidelines နဲ့ ကိုက်ညီမှုရှိတာတွေ တင်ရပါမယ်။

တစ်ပါးသူရဲ့ ဘယ်လိုဖန်တီးမှု အမျိုးအစားကိုမှ ယူမသုံးသင့်ပါ။ (ပုံ၊ သီချင်း၊ Video)

ချွင်းချက်အနေနဲ့ 10 စက္ကန့်အောက် Content များကိုတော့ fair use policy နဲ့ ကိုက်ညီမယ်ဆိုရင် သုံးနိုင်ပါတယ်

Channel Idea နဲ့ ကိုယ့်ရဲ့ Video တင်နိုင်စွမ်း၊ ပတ်ဝန်းကျင် အခြေအနေ၊ Trend မိမမိ ဒါတွေပေါ် မူတည်ပါတယ်။

ပျမ်းမျှအားဖြင့် Subscriber 1000 ပြည့်ဖို့ Video 35 ခုလောက် တင်ရလေ့ရှိတယ်။ Monetization အောင်ဖို့ အနည်းဆုံး (၆) လလောက် လိုပါတယ်။

% နဲ့ Service ပေးတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ မလုပ်ပေးပါဘူး။ Facebook Group တွေထဲမှာ စုံစမ်းကြည့်နိုင်ပါတယ်။

Content Creation

Copyright ပြဿနာတက်ပါလိမ့်မယ်။ ကိုယ်တိုင်ဖန်တီးမှု မဟုတ်တဲ့ ဘယ်လို Video မျိုးကိုမှ မတင်သင့်ပါဘူး။ အားမပေးပါဘူး။

Video တွေ ဖန်တီးဖို့ ကျွန်တော်လုပ်တဲ့ အဆင့် ၇ ဆင့် ရှိပါတယ်။ အောက်ပါလင့်က Video မှာ ကြည့်ကြည့်ပါ။

https://youtu.be/Je8XVsBEwzw

YouTube စလုပ်ဖို့ လိုအပ်မယ့် software တွေကို အောက်ပါလင့်မှာ စုပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။

https://dbsmyanmar.com/programs-for-getting-started-on-youtube/

ဖုန်းနဲ့ပဲ အားလုံးကို လုပ်ဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် ခက်တော့ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကန့်သတ်ချက်တွေ ရှိလို့ပါ။

ပြီးတော့ နောက်ပိုင်း Advanced Analytics တွေ လုပ်ရမယ့်အခါကျ Laptop မဖြစ်မနေ လိုအပ်လာပါတယ်။

Shorts only channel မျိုးဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

Community Guide Lines အကျဉ်းချုပ် မြန်မာပြန်

အကျဉ်းချုပ်အကြမ်း ပြန်ဆိုထားခြင်းဖြစ်ပါသည်။ မူရင်းလင့်ကို အောက်တွင် သွားကြည့်နိုင်သည်။

မမှန်ကန်သော နည်းလမ်းများ အသုံးပြုခြင်း

View, Comment, Like, Subscriber အလိုအလျောက် တက်စေသည့် Apps/Software များအသုံးပြုခြင်း ခွင့်မပြုပါ

Sub4sub များ ခွင့်မပြုပါ

အထက်ပါအကြောင်းအရာများကို အားပေးခြင်း၊ promote လုပ်ပေးခြင်းတို့ကိုလဲ ခွင့်မပြုပါ

Video တွင်သာမက Title, Description, Comment, Tags စသည်များတွင်လဲ အကျုံးဝင်သည်

အခြား Channel တစ်ခုခုကို တုထားသော အမည်၊ ပုံ၊ လူပုံ၊ background စသည်တို့ကို သုံး၍ ဖွင့်ခွင့်မပြုပါ

လုံးဝထပ်တူညီတာမျိုးမဟုတ်ဘဲ ဆင်တူစေရန် ရည်ရွယ်ချက်မျိုးဖြင့် ကော်ပီယူခြင်း ခွင့်မပြုပါ

ဉပမာ အမည်ကို အနည်းငယ်လွှဲထားခြင်း၊ Space ချန်ထားခြင်း စသည်ဖြင့်

Channel နှင့် Video များတွင် ထည့်သွင်းသော လင့်ခ်များသည် အောက်ပါ အချက်များ လုံးဝ မဖြစ်ရပါ။

  • ညစ်ညမ်းရုပ်ရှင်လင့်များ
  • Virus ပါသောလင့်များ
  • Hack ရန်ရည်ရွယ်ထားသောလင့်များ
  • ပိုက်ဆံပေး၍ ဝယ်ယူရသော Content များကို အခမဲ့ ပေးသော လင့်များ (Software, Movies, Training စသည်ဖြင့်)
  • အကြမ်းဖက်အဖွဲ့အစည်းများအတွက် ငွေရှာပေးသော လင့်များ
  • ကလေးသူငယ် လိင်အကြမ်းဖက်မှု ကျူးလွန်သော လင့်များ
  • ရောင်းဝယ်ခြင်း မပြုရန် ကန့်သတ်ထားသည့် ကုန်ပစ္စည်းများ ဝယ်နိုင်သည့် လင့်များ (ဉပမာ ပေါက်ကွဲပစ္စည်း၊ ခန္ဓာကိုယ် အစိတ်အပိုင်း၊ သေနတ်၊ လိင်ပိုင်းဆိုင်ရာ)

အောက်ပါတို့ကို ရှောင်ကျဉ်ရမည်

  • အကြောင်းအရာ တူညီသော (သို့) ထပ်တူညီသော Video ပေါင်းများစွာကို အချိန်တိုအတွင်း အလွန်အမင်းတင်ခြင်း
  • Video Title, Thumbnail တို့တွင် ပြထားသော အကြောင်းအရာ လုံးဝမဟုတ်သော Video များ တင်ခြင်း
  • လူများ စိတ်အနှောင့်အယှက်ဖြစ်စေမည့် Video များတင်ခြင်း
  • အမြန်ချမ်းသာမည့် နည်းလမ်း စသော မဖြစ်နိုင်သည့် Content များ တင်ခြင်း
  • ထပ်တူညီသော Comment များ အလွန်အကျွံ ပေးခြင်း
  • အခြားအခြားသော လူများကို မှားယွင်းစေသည့်၊ information ကို တမင်မှားယွင်းစွာ ပေးထားသည့်  Content များတင်ခြင်း၊ မန့်ခြင်း

Sensitive ဖြစ်သော အကြောင်းအရာများ

ကလေးသူငယ်များ နှင့် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ အတူယှဉ်တွဲပြသခြင်း၊ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း နှင့်ဆိုင်သော Video များ လုံးဝ မတင်ရပါ (YouTube မှ နိုင်ငံတကာ ဉပဒေရေးရာများနှင့် ချိတ်ဆက်ပြီး တရားစွဲဆိုသည်အထိ ဆောင်ရွက်နိုင်သည်)

ကလေးသူငယ် (လူငယ်) များကို အန္တရာယ်ဖြစ်စေနိုင်သော Challenge များလုပ်စေခြင်း၊ Video ထဲတွင် ကလေးသူငယ် (လူငယ်) များပါဝင်သည့် အန္တရာယ်မကင်းသည့် Challenge များ၊ လုပ်ဆောင်ချက်များ၊ စသည်တို့ မလုပ်ရပါ။

ကလေးသူငယ် (လူငယ်) များအား စိတ်အနှောင့်အယှက် နှင့် စိတ်ခံစားမှုကို ထိခိုက်စေသည့် Content များ မတင်ရပါ။ (ဉပမာ မိဘမှ ရိုက်နှက်နှိပ်စက်ခြင်းမျိုး၊ ခြိမ်းခြောက် အကြမ်းဖက်ခြင်း)

ကလေးသူငယ် (လူငယ်) များအတွက် မသင့်တော်သည့် Content များ (ဉပမာ အလွန်အမင်းဆဲဆိုခြင်း၊ တခြားသူကို အနိုင်ကျင့်ရန် တိုက်တွန်းခြင်း၊ မကောင်းသော အမူအကျင့်ကို ကောင်းသည်ဟု မြှောက်ပင့်ပေးခြင်း) စသည်တို့ မလုပ်ရပါ။

Thumbnail များတင်ရာတွင်

  • လိင်ပိုင်းဆိုင်ရာ ပုံများ မပါရ
  • ရှော့ရစေသော၊ ရွံစရာကောင်းသော အကြမ်းဖက်မှုဆိုင်ရာ ပုံများ မပါရ
  • သွေးသံရဲရဲများ မပါရ
  • ဆဲဆိုသော လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သော စာများ မပါရ
  • Video ထဲတွင် အမှန်တကယ် မပါဝင်ဘဲ ပါဝင်သယောင် ထည့်ထားသော ပုံများ မတင်ရ

ခန္ဓာကိုယ်ကို အပြည့်အဝ လှစ်ဟဖော်ပြထားသည့် မည်သည့် Video ရုပ်ပုံမှ မတင်ရ မပါဝင်ရ (Art အတွက်ပင်ဖြစ်စေ မရပါ)

လိင်ပိုင်းဆိုင်ရာ ရုပ်ရှင်ကား၊ ရုပ်ပုံ၊ အသံ၊ စာသား စသည့် မည်သည့်ပုံစံကိုမှ တင်ခွင့်မပြုပါ

ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်ခြင်း၊ သေကြောင်းကြံစည်ခြင်း စသည်တို့ကို လုပ်ဆောင်နေသော Content (သို့) အားပေးသော Content များ လုံးဝ ခွင့်မပြုပါ

စိတ်ကျန်းမာရေးနှင့် ပတ်သက်သော၊ စိတ်ဓာတ်ကျခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များ ရှိပါက ဆက်သွယ်ရမည့် နေရာများကို အောက်ပါလင့်တွင် ဖော်ပြပေးထားသည်။

Suicide & self-injury policy - YouTube Help (google.com)

အကြမ်းဖက်မှုနှင့် သက်ဆိုင်သော

အခြားသူများကို ခြိမ်းခြောက်ခြင်း၊ လူ၏အမည်၊ အားနည်းချက်၊ ပုံစံ၊ အသားအရောင်၊ လူမျိုး၊ တည်နေရာ၊ လိင် စသည်တို့ကို ခွဲခြားခြင်း၊ အကြမ်းဖက်ခြင်း၊ ကလေးသူငယ် (လူငယ်) များကို Shaming လုပ်ခြင်း၊ စသည်တို့ကို လုံးဝ မတင်ရ။

အထက်ပါ လုပ်ဆောင်ချက်များကို ချီးကျူးခြင်း၊ အားပေးအားမြှောက်လုပ်ခြင်း စသည်တို့ကိုလဲ မတင်ရ။

အောက်ပါတို့ကို မလုပ်ဆောင်ရ/မတင်ရ ပါ။

  • အလွန် အန္တရာယ်များသော Challenge များ
  • အန္တရာယ်ရှိသော (သို့) ခြိမ်းခြောက်သော နောက်ပြောင်ခြင်းများ
  • သတ်ဖြတ်ခြင်း နာကျင်အောင်လုပ်ခြင်းအတွက် နည်းလမ်းများ
  • မူးယစ်ဆေး ဖန်တီးမှု အသုံးပြုမှု နည်းလမ်းများ
  • အကြမ်းဖက်မှု အဖြစ်အပျက်များကို အသေးစိတ် ရိုက်ထားခြင်းများ
  • ခိုးယူခြင်း၊ လိမ်ညာခြင်း နည်းလမ်းများကို အသေးစိတ် ဘယ်လိုလုပ်ရမလဲ သင်ပေးခြင်း
  • Hacking နှင့်ဆိုင်သော နည်းလမ်းများ
  • အခမဲ့ ရနိုင်မည့် တရားမဝင် နည်းလမ်းများ (ဉပမာ ဘေလ်မကုန်ဘဲ အင်တာနက်သုံးနည်း)

လူတစ်ဦးတစ်ယောက် (သို့) အစုအဖွဲ့တစ်ခုကို ဦးတည်ပြီး အောက်ပါတို့နှင့်ဆိုင်သော အမုန်းစကားပြောဆိုမှု လုံးဝ မလုပ်ရ

  • အသက်အရွယ်
  • အဆင့်အတန်း
  • မသန်စွမ်းမှု
  • လူမျိုး
  • လိင်
  • နိုင်ငံသားဖြစ်မှု (ဧည့်နိုင်ငံသား၊ Visit Visa ပဲ ရထားတာ စသည်ဖြင့်)
  • နိုင်ငံသား (ဘယ်နိုင်ငံကကောင် စသည်ဖြင့်)
  • ဘာသာရေး
  • လိင်စိတ်တိမ်းညွှတ်မှု
  • အကြမ်းဖက်မှု တစ်ခုခု၏ သားကောင်ဖြစ်ခံရမှု

အမုန်းစကား ပြောဆိုမှုကို အားပေးမှုလဲ မလုပ်ရပါ

အကြမ်းဖက် အဖွဲ့အစည်း ကိုယ်တိုင်က တင်သော Content များ၊ အဖွဲ့အစည်းကို အားပေးခြင်း၊ ထောက်ခံခြင်း၊ အလှုခံခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ ပါဝင်ပတ်သက်ခြင်း၊ ကူညီခြင်း စသည်တို့နှင့် ဆိုင်သော မည်သည့် Content မှ မတင်ရပါ

အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးခြင်း၊ ထောက်ခံခြင်း၊ ကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်း စသည်တို့နှင့်ဆိုင်သော Content များမတင်ရ။

အမြင်မသင့်တော်သော Accident များ၊ သွေးသံရဲရဲများ၊ သေကြေပျက်စီးမှုများ၊ ပစ်ခတ်မှုများ၊ ဓားပြတိုက်မှုများ စသည်တို့ မတင်ရ။

COVID 19 နှင့်ပတ်သက်သော Content များတွင် Information အမှားများ၊ မဖြစ်နိုင်သော ကုသမှုများ၊ သတင်းအမှားများ၊ စစ်ဆေးမှုအမှားများ စသည်တို့ မတင်ရ

ကန့်သတ်ထားသော ကုန်ပစ္စည်းများ

လက်နက်ခဲယမ်းများကို တိုက်ရိုက်ရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုလုပ်ခြင်း နှင့်သက်ဆိုင်သော Video နှင့် Content များ တင်ခြင်း ခွင့်မပြုပါ

Review လုပ်ခြင်း၊ အလုပ်လုပ်ပုံကို ရှင်းပြသော Educational video ပုံစံများ ရနိုင်သည်

အောက်ပါ ကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချသော Link များ ထည့်သွင်းခြင်း၊ ပါဝင်ခြင်း မလုပ်ရ

  • အရက်
  • Bank Account Password များ၊ ခိုးယူထားသော Credit Card များ၊ အခြား ငွေကြေးနှင့်ဆိုင်သော အချက်အလက်များ
  • စာရွက်စာတမ်းအတု၊ ငွေအတု
  • မူးယစ်ဆေးဝါး
  • ပေါက်ကွဲပစ္စည်း
  • ခန္ဓာကိုယ်အစိတ်အပိုင်း၊ ကလီစာ
  • မျိုးတုန်းမှု အန္တရာယ်ရှိနေသော သတ္တဝါများ နှင့် ယင်းတို့၏ အစိတ်အပိုင်းများ
  • လက်နက်ခဲယမ်း နှင့် အချို့ accessories များ
  • ဆေးရွက်ကြီး နှင့် ဆေးလိပ် (Vape ပါပါ)
  • Google နှင့် YouTube မှ ခွင့်ပြုမထားသည့် လောင်းကစား Website များ
  • ခွင့်ပြုချက်မရှိသော ဆေးဝါး
  • လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု
  • လိုင်စင်မရှိသော ဆေးကုသမှု ဝန်ဆောင်မှုများ
  • လူကုန်ကူးခြင်း